Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • သုတ္တံကျမ်း ၁၉

              ၁၉:၁ ဆင်းရဲ၍ ဖြောင့်မတ်သူနှင့် လိမ်လည်တတ်သောလူမိုက် (လူချမ်းသာ ဖြစ်နိုင်သည်)တို့ကို နှိုင်းယှဉ်ပြထားသည်။ ထိုသူနှစ်ဦးတွင် ဆင်းရဲသော်လည်း ဖြောင့်မတ်သူက ပိုမြတ်သည်။ ၁၉:၂ အသိဉာဏ်ပညာမရှိဘဲ၊ ကြိုးစားအားထုတ်ခြင်းသည် အချည်းနှီး ဖြစ်သည်။ ထိုသူသည် ဖြစ်ချင်စိတ်သာရှိသည်။ မည်သို့မည်ပုံ လုပ်ရမှန်းမသိ။ ထို့ကြောင့် လုပ်သမျှသည် အထမမြောက်။ ကဗျာကယာလုပ်ကိုင်ခြင်းသည်လည်း အမှားကြုံရသည်။ မည်သို့လုပ်ရမှန်း အသေအချာမသိ၊ ဘယ်ဘက်သို့လိုက်ရမှန်း မသိဘဲ...

  • သုတ္တံကျမ်း ၂၀

    ၂၀:၁ စပျစ်ရည်သည် လှည့်စားတတ်၏ စပျစ်ရည်သောက်လျှင် သွေးကြွစေသည်။ စိတ်နှလုံး တက်ကြွမာကြောစေသည်။ အရက်သေစာသောက်စား မူးယစ်လျှင် ရုန်းရင်းဆန်ခတ် ဖြစ်စေတတ်သည်။ ဝိုင်ကို စပျစ်ရည်မှ ထုတ်လုပ်၍ အရက်သေစာကို ဂျုံ၊ စပါးမှ ထုတ်လုပ်ပါသည်။ နှစ်ခုစလုံးက လူကို မမှန်ကန်သော လမ်းစဉ်သို့ သွေးဆောင်သည်။ ပထမတွင် လူမှုရေးအရ တငုံနှစ်ငုံမြည်းတမ်းသောက်သည်။ နောက်တဆင့်တွင် ခပ်ပြင်းပြင်းသောက်တတ်လာသည်။ ထို့နောက် အရက်ပြင်းသောက်တတ်လာသည်။...

  • သုတ္တံကျမ်း ၂၁

    ၂၁:၁ ဘုရားသခင်၏ အသိဉာဏ်တော်သည် စမ်းချောင်းကဲ့သို့ ရှင်ဘုရင်ထံသို့ စီးဆင်းသဖြင့် ရှင်ဘုရင်များသည် တရားတော်နှင့်အညီ စိုးစံအုပ်စိုးသူများ ဖြစ်သည်။ ယုံကြည်သူ ခရစ်ယာန်များ အမှုတော်ဆောင်ရာတွင်ဖြစ်စေ၊ ဧဝံဂေလိတရားဟောကြားရာတွင်ဖြစ်စေ အုပ်စိုးသူအစိုးရ၏ ဖိစီးမှုကို နားလည်ခံယူတတ်ကြပါစေ။ ၂၁:၂ လူသည် မိမိအပြုအမူ အကြံအစည်များကို မှန်ကန်သည်ဟု ခံယူလေ့ရှိသည်။ အပြင်ပန်းသဏ္ဍာန် ရုပ်လက္ခဏာကိုကြည့်၍ တန်ဖိုးဖြတ်ကြသည်။ သို့သော် ဘုရားသခင်သည် ထိုကဲ့သို့ပြုလုပ်သူရခြင်း အကြောင်းရင်း၊...