ဒေသနာကျမ်း ၅
(င) ဘာသာရေးနှင့်နိုင်ငံရေးကျော်စောမှုသည် အချည်းနှီး (၅:၁–၉) လူသည် မိမိအသိဉာဏ်ဖြင့် ဘာသာရေးတရားကိုးကွယ်သူ ဖြစ်သော်လည်း လုံလောက်သောအ ဖြေကောင်းမဟုတ်။ အကောင်းဟုထင် ရသော်လည်း မကောင်းသည့်အချက် မှားယွင်းသည့် ပြဿနာများရှိသည်။ ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် အခမဲ့ရရှိသောကယ်တင်ခြင်းကို မသိရှိမရရှိဘဲ၊ ဘာသာရေးတွင် သဝေထိုးပျောက်ကောင်းပျောက်နေ နိုင်သည်။ ထို့ထက် ထပ်ပြောရလျှင် လူအသိဉာဏ်ဖြင့် ကွန့်သော ဘာသာရေးများသည် ဟန်ဆောင်ခြင်းဖြစ်သည်။ ထို့ထက်မပို။...