Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဟေရှာယအနာဂတ္တိကျမ်း ၁

    အနက်ဖွင့်ဆိုချက်များ ၁။ အရေးယူ အပြစ်ဒဏ်ပေးမည့်အကြောင်းနှင့် ကောင်းကြီးပေးမည့် အကြောင်း ပရောဖက် ပြုချက်များ(အခန်း၁–၃၅) (က) ယုဒနှင့် ယေရုရှလင်အပေါ် အပြစ်တရား စီရင်မည့်အကြောင်းနှင့် ယေရုရှလင် ပြန်လည်ထွန်းလင်းတောက်ပလာမည့်အကြောင်း(အခန်း၁–၅) ၁။ ဣသရေလတို့အားတရားစီရင်ခြင်း(အခန်း၁) ၁:၁ ဟေရှာယကျမ်း ပထမဆုံး ကျမ်းပိုဒ်ငယ်သည် စာသားနှင့်မတူ၊ ခေါင်းစဉ်ဖြစ်ထိုက်သည်။ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ မိတ်ဆက်ပေးထားသည်။ ၁:၂–၃ အားလုံးကို ခြုံကြည့်လျှင် ဘုရားသခင်က...

  • ဟေရှာယအနာဂတ္တိကျမ်း ၂

    ၂။ အနာဂတ်ကောင်းကြီးမင်္ဂလာ (အခန်း၂–၄)           ၂:၁–၃ အာမုတ်၏သား ဟေရှာယသည် လတ်တလော မျက်မှောက်ကာလသာမက အနာဂတ်တွင် မေရှိယသခင်၏ နိုင်ငံတော် ဘုန်းတန်ခိုးကိုလည်း သိမြင်သည်။ ထိုနေ့ရက် ရောက်သောအခါ ယေရုရှလင်မြို့သည် ကမ္ဘာ့ဘာသာရေး ဗဟိုပြုရာ အချက်အခြာနှင့် မြို့ပြနေပြည်တော် ဖြစ်လာမည်။ မြို့ကြီးပြကြီးအဖြစ် ပြန်လည် တည်ဆောက်ကြမည်။ ၂:၄ ဘုရင်မင်းကိုယ်တိုင် နိုင်ငံတကာပြဿနာများကို ဖြေရှင်းမည်။ ကမ္ဘာသူကမ္ဘာသားများအား...

  • ဟေရှာယအနာဂတ္တိကျမ်း ၃

    ၃:၁–၅ (၂:၂၀)တွင် ထိုနေ့ရက်၌ လူများ မှီခိုကိုးစားကြသော ရုပ်တုဆင်းတု ဘုရားများကို ဘုရားသခင်က ဖယ်ရှားပစ်မည်ဟု ဆိုသည်။ မုန့်နှင့်ရေ မရှိခြင်းသည် အစာရေစာခေါင်းပါးမည့်အကြောင်း ဖြစ်သော်လည်း ဤနေရာတွင် ထိုသူများ၏ မှီခိုကိုးကွယ်ရာများကို ဆိုလိုကြောင်း၊ နောက်ပိုင်းကျမ်းပိုဒ်များဖြင့် နားလည်ရသည်။ တစ်သက်လုံး ကိုးကွယ်လာကြသော ဘုရားများသည် အတုအယောင်များ ဖြစ်ကြောင်း သိရှိသွားကြမည်။ ဖိနှိပ်စက်ခြင်း၊ အာဏာရှင်စနစ်၊ ကိုယ်ချင်းစာကင်းမဲ့မှု၊ မထီလေးစားမှု၊...