Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဟေရှာယအနာဂတ္တိကျမ်း ၄

    ၄:၂–၆ အခန်းကြီး(၄)သည် ခရစ်တော်၏ နိုင်ငံတော် ဘုန်းတန်ခိုး ထွန်းတောက်မည့်အကြောင်း ဖြစ်သည်။ အငယ်(၂)တွင် ခရစ်တော်ကို ထာဝရဘုရား၏ အညွန့်ဟု ဆိုထားသည်။ ထိုအကြောင်းကို Matthew Henry က ဤသို့ ထောက်ခံရှင်းပြထားသည်။ ခရစ်တော်သည် ထာဝရဘုရားသခင်၏ အညွန့် ဖြစ်သည်။ အခက်အဖြစ်ဖြင့် လူ့ဘဝကို ခံယူသည်။ အညွန့်ဟူသော ဝေါဟာရသည် ပရောဖက်ပြုချက်ပါ ခရစ်တော်၏နာမတော်တစ်ခု ဖြစ်သည်(ဇာ၃:၈၊၆:၁၂)။...

  • ဟေရှာယအနာဂတ္တိကျမ်း ၅

    ၃။ အပြစ်ဒုစရိုက်ကြောင့်ဣသရေလများအရေးယူခြင်း(အခန်း၅) ၅:၁–၂ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော် (ယေဟောဝါ သို့မဟုတ် အရှင်ဘုရား NKJV)ဟု ဟေရှာယက ချီးမွမ်းသီချင်းဖြင့် ဂုဏ်ပြုသည်။ ဘုရားသခင်ကို ကွယ်ကာစောင်မမှုကို ထောက်ရှု၍ စပျစ်ဥယျာဉ်တော်ပိုင်ရှင်အဖြစ် တင်စားဖွဲ့ဆိုခြင်း ဖြစ်သည်။ ဘုရားသခင်က အကောင်းဆုံးမြေကို ရွေးချယ်ထွန်ယက်၍ လက်ရွေးစင် စပျစ်မျိုးကို စိုက်သည်။ ပြုစုပျိုးထောင်၍ စောင့်ရှောက်ယုယသည်။ အကောင်းဆုံး အသီးအနှံများ သီးဖို့ မျှေ်လင့်သည်။...

  • ဟေရှာယအနာဂတ္တိကျမ်း ၆

    (ခ)ဘုရားသခင်ကဟေရှာယအားခေါ်ယူခြင်းနှင့်တာဝန်ပေးအပ်ခြင်း (အခန်း၆) ၆:၁ ဩဇိဘုရင်နတ်ရွာစံသောခုနှစ်တွင်ဟေရှာယသည်ဘုရင်တကာတို့ ၏ဘုရင်ကိုဗျာဒိတ် ရူပါရုံမြင်သည်။ ယော ၁၂း၃၉-၄၁ ကျမ်းပိုဒ်အရ ဟေရှာယရှုပါရုံမြင်သောဘုရင်သည် သခင်ယေရှုခရစ်တော်ဖြစ်သည် ဟုနားလည်ရသည်။ ထိုအကြောင်းကိုF.C.Jennings ကဤသို့ရှင်းပြထား သည်။ ရှင်ယောဟန်သည် ပါးမို့ကျွန်းတွင်သန့်ရှင်းဝိညာဉ်တော်ပြည့်ဝသကဲ့သို့ ဟေရှာယသည်လည်းဝိညာဉ်တော်ပြည့်ဝခြင်းဖြစ်သည်။ Adohnသည် သခင်ဘုရား၏နာမတော်တပါးဖြစ်၍ ဤကျမ်းပိုဒ်နှင့် ရော၉:၅တွင်သာတွေ့ရသည်။ ရော ၉:၅တွင်“ခရစ်တော်သည်ခပ်သိမ်းသောအရာတို့ကိုအစိုးရတော်မူ၍ထာဝရမင်္ဂလာရှိတော်မူသောဘုရားသခင်ဖြစ်သည်”ဟုဆိုထားသည်။ အမြင့်ဆုံးသော ပလ္လင်တော်ပေါ်၌စိုးစံပိုင်ခွင့်ရှိသူဖြစ်သည်။ ထိုပလ္လင်ပေါ်မှခပ်သိမ်းသောအရာတို့ကိုအုပ်စိုးသည်။ ထိုကဲ့သို့ကောင်းကင်ဘုံပလ္လင်တော်ပေါ်၌စိုးစံတော်မူသော် လည်းဝတ်ရုံတော်မြိတ်ဖျားသည်ဗိမာန်တော်ပေါ်၌ကျရောက်ရာဘုန်းတန်ခိုး ထွန်းတောက်စေမည်။၁၁...