Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဟေရှာယအနာဂတ္တိကျမ်း ၇

    (ဂ)ဧမာနွေလဘုရား(အခန်း၇-၁၂) ၁။ အံ့ဩဖွယ်ရာဖွားမြင်တော်မူခန်း(အခန်း၇) ၇:၁-၂ ခရစ်တော်ဘုရားပေါ်ထွန်းမည့်အကြောင်းပရောဖက်ပြုချက်များ ဖြစ်သောကြောင့် (အခန်း၇-၁၂)ကိုဧမာနွေလဝတ္တုတော်ဟုဆိုကြသည်။ အခန်း၆နှင့်၇အကြားတွင် ဟေရှာယသည်ယောသိမ်နှင့်အာခပ်မင်း အကြောင်းကိုချန်လှပ်ထားသည်။ ရှုရိနှင့်ဣသရေလ(ဧဖရိမ်)တို့မဟာမိတ်ပေါင်း ဖက်၍၊ ယုဒနှင့်ယေရုရှလင်အားခြိမ်းခြောက်အန်တု သည့်အချိန်ကာလဖြစ် သည်။ ၇:၃ ဟေရှာယနှင့်သားယာရှုပ်သည်ခဝါသည်၏လယ်ထိပ်ရေပြွန်ပေါက် တွင်အာဟပ်မင်းအားသွားရောက်ကြိုဆိုကြသည်။ မြို့သူမြို့သားများရေဖူလုံဖို့ အာခပ်မင်းသွားရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်နိုင်သည်။ ထိုခဝါသည်၏အ လယ်တွင်ရေချိုးအဝတ်လျှော်နေလှမ်းကြသဖြင့်သွားရောက်ကြည့်ရှုခြင်းဖြစ် မည်။ ၇:၄-၉ ပရောဖက်ဟေရှာယအားကြောက်ရွံ့စိုးရိမ်ဖို့မရှိဖို့ဘုရားသခင်က မှာထားသည်။ ရှုရိမင်းနှင့်ဣသရေလ(ရေဇိန်နှင့်ပေကာ)တို့သည်ထင်းစပမာ အမျက်ဒေါသခိုးတငွေ့ငွေ့ထွက်ကြသော်လည်းမကြောက်နှင့်။ ထိုသူများသည်ယုဒပြည်အားတိုက်ခိုက်သိမ်းပိုက်၍တာဗေလ၏သား အားရုပ်သေးဘုရင်အဖြစ်တင်မြှောက်၍ကြံစည်ကြသော်လည်းအထမမြောက်။ ...

  • ဟေရှာယအနာဂတ္တိကျမ်း ၈

    ၂။ အံ့ချီးဖွယ်ရာမေရှိယနယ်မြေ(အခန်း၈-၁၀) ၈:၁-၄ ဘုရားသခင်ကဟေရှာယအား“ဟေရရှာလဟာရှဗတ်”စကား လုံးကိုပီပီသသရေးခိုင်းသည်။ သက်သေအဖြစ်ယဇ်ပုရောဟိတ်ခုရိယနှင့်ယေဗရခိ၏သားဇာခရိကိုလည်းခေါ်ခိုင်းထားသည်။ ရေးထားသောစာ၏အဓိပ္ပာယ် မှာ“အသော့အလုအယက်မြန်မြန်ဖျက်လော့”ဟုအနက်ရသည်။ အာရှုရိယများ က ရှုရိယပြည်နှင့်ဣသရေလပြည်တိုက်ခိုက်ဖျက်ဆီးမည့်အကြောင်းဖြစ်သည်။  ဟေရှာယ၏ဒုတိယသားကင်ပွန်းတပ်ရာတွင်ပေးမည့်အမည်နာမအနက်အဓိ ပ္ပါယ်ဘုရားသခင်ကဖွင့်ပြခြင်းဖြစ်သည်။ ၈:၅-၁၀ ဣသရေလနှင့်ပက်သက်သောစကားတခွန်းကိုလည်းဘုရားသ ခင်ကအမိန့်ရှိသည်။ အဘယ်ကြောင့်ဆိုသော်မြောက်ပိုင်းနိုင်ငံသားများသည် ဘုရားသခင်ပေးသော ရှိလောင် ချောင်းကိုငြင်းပယ်ကြသောကြောင့်ရေစီးအဟုန် ပြင်းသောမြစ်ရေကိုစီးဆင်းဖြတ်သန်းစေသည်။ (ရှိလောင်ကိုယော၉:၇တွင် လည်းတွေ့ရသည်။) ထိုရေသည်ယေရုရှလင်မှလျှို့ဝှက်စွာစီးဆင်းသောရေဖြစ် ၍၊ ဘုရားသခင်နှုတ်ကပတ်တော်သင်္ကေတအမှတ်အသားဖြစ်သည်။ သို့မဟုတ် ဘုရားသခင်အားယုံကြည်ကိုးစားခြင်းးလက္ခဏာဖြစ်သည်။ ဥဖရတ်မြစ်ရေသည်ဣသရေလနှင့်ရှုရိပြည်ကိုအနိုင်ယူအောင်မြင်မည့် အာရှုရိပြည်...

  • ဟေရှာယအနာဂတ္တိကျမ်း ၉

    ၉:၁-၅ မေရှိယသခင်ပေါ်ထွန်းလာမည့်အကြောင်းရှေးရှုဦးတည်ကြပါစို့။  ဣသရေလမြောက်ပိုင်းနယ်နိမိတ်ရှိ နသာလိခရိုင်သည်မြောက်ဖက်နိုင်ငံသား များကကျူးကျော်သိမ်းပိုက်၍၊ဂုဏ်သိက္ခာကျဆင်းခဲ့သော်လည်း ဘုရားသခင်ကဘုန်းတန်ခိုးကျက်သရေရှိသောမြေအဖြစ်ဘုရားရှင်ကသိက္ခာမြှင့်တင်ပေးမည်။ (တပါးအမျိုးသားများ၏နယ်မြေဂါလိလဲဒေသသည်ခရစ်တော်ဘုရားငယ်စဉ် တောင်ကျေးဘဝ လူလည်ရာနှင့် လူထုပရိသတ်သို့တရားတော်ဟောကြားရာအ ရပ်ဒေသတွင်လည်းပါဝင်သည်။) ခရစ်တော် ဘုရားပထမအကြိမ်လူ့လောကသို့ ကြွဆင်းလာခြင်းကြောင့်ဂါလိလဲပြည်သည်လင်းလက်တောက်ပြောင်ခဲ့သည်။  ကိုယ်တော်ဘုရားဒုတိယအကြိမ်ကြွမြန်းလာသောအခါကမ္ဘာမြေပေါ်၌ဆင်းရဲဒု က္ခနှင့်ကျေးကျွန်စနစ်များကုန်ဆုံးပပျောက်မည်။ ဆင်းရဲဒုက္ခအစားပျော်ရွှင် ခြင်းနှင့်သုခချမ်းသာပြည့်စုံလာကြမည်။ ၉:၆ ကိုယ်တော်ဘုရားပထမအကြိမ်ကြွလာမည့်အကြောင်းကို အငယ်၆ ပထမအပိုင်းတွင်ဖော်ပြထားသည်။ “ငါတို့အဘို့သူငယ်ကိုဘွားမြင်၏။ ငါတို့ အားသားကိုသနားတော်မူသည်။ ” ပထမစာစုသည်ကိုယ်တော်ဘုရား၏လူ့ဇာတိခံခြင်းဖြစ်၍၊ ဒုတိယစာစုသည် ဇာတိတော်ဖြစ်သည်။ နောက်ပိုင်းစာစုများသည်...