Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဟေရှာယအနာဂတ္တိကျမ်း ၃၄

    ၆။ တိုင်းနိုင်ငံသားများသို့အမင်္ဂလာ(အခန်း၃၄) ၃၄:၁-၄ အခန်းကြီး(၃၄)တွင်ဘုရားသခင်ကတိုင်းနိုင်ငံတိုင်းအားစက် ဆုတ်ရွံရှာခြင်းအကြောင်းတွေ့ရသည်။ အထူးသဖြင့်ဧဒုံလူမျိုးဖြစ်၍နောက်မှ တိုင်းနိုင်ငံသားအားလုံးကိုပြစ်တင်သည်။ ဘုရားသခင်ကတပါးအမျိုးသား များကိုတရားစီရင်သောအခါမြေကြီးနှင့်ပါသမျှသောလောကဓာတ်တန်ဆာ အားလုံးကြားသိကြမည်။ ခပ်သိမ်းသောကောင်းကင်တန်ဆာများပြုတ်ကျ၍ အသေကောင်တို့၏အသွေးတော်များကိုအရည်ပျော်ဝင်သေမည်။ သင်္ဘော သဖန်းသီမြေပေါ်သို့ပြုတ်ကျသကဲ့သို့ကောင်းကင်ပေါ်ရှိအရာများပြုတ်ကျကြ မည်။ ၃၄:၅-၇ ဘုရားသခင်၏ဓါးတော်“သွေးဆိပ်ပါသောဓါး”သည်ဧဒုံပြည် ပေါ်သို့ကျမည်။ လူအားလုံး(ဆိတ်၊သိုး၊သိုးကောင်ငယ်)များမကျန်၊နွားလားဥ ဿဖနွားကြီးနွားငယ်များအပေါ်သို့ကျရောက်မည်။ ၃၄:၈ ထိုနေ့ရက်သည်ထာဝရဘုရားသခင်ကဒဏ်ပေးရာနေ့ရက်ဖြစ် သည်။ ဒဏ်ပေးရာနေ့ရက်ဟူသောစကားရပ်သည်အရေးကြီးသည်။ လူများကအချင်းချင်းဒဏ်ပေးခြင်းမျိုးမဟုတ်။ ဘုရားသခင်ကမတရားသူများတရားတော် နှင့်အညီအသက်မရှင်သူများပြစ်ဒဏ်စီရင်ခြင်းအမိန့်ချမှတ်သည့်နေ့ရက်ဖြစ် သည်။ (Daily Notes...

  • ဟေရှာယအနာဂတ္တိကျမ်း ၃၅

    ၇။ ပေါ်ထွန်းလာမည့်နိုင်ငံတော်၏ဘုန်းတန်ခိုး(အခန်း၃၅) ၃၅:၁-၇ ပုန်ကန်ခြားနားသောတိုင်းနိုင်ငံသားများဖျက်ဆီးပစ်ပြီးသောအ ခါကယ်တင်ရှင်သခင်ယေရှုခရစ်တော်၏နိုင်ငံတော်သစ်ပင်ပေါ်ထွန်းလာမည်။  ထိုနေ့ရက်ကာလတွင်ဘုရားသခင်ကိုယ်တော်တိုင်ဘုန်းတန်ခိုးအပြည့်အစုံဖြင့်ယုံ ကြည်သူများနှင့်အတူတကွစိုးစံသဖြင့်ကမ္ဘာမြေထဲမှပဒေသာပင်ထွက်မည်။  သန့်ရှင်းသူများမျက်နှာသာရကောင်းစားရာဖြစ်သည်။ သုံစားမရ၊အရည်အ ချင်းမမှီသောဆိုးညစ်ခြင်းများအားလုံးဖယ်ရှားမည်။ ထွန်ယက်စိုက်ပျိုးမရ သောကန္တာရမြေသည်လည်းမြေဆီလွှာပြည့်ဝလျှက်ပျော်ရွှင်ဖွယ်ရာဖြစ်သွား မည်။ ၃၅:၈-၁၀ မိုင်ပေါင်းရာချီရှည်လျားသောကန္တာရခရီးကြမ်းသည်ဖြောင့် မတ်စင်ကြယ်သောအဝေးပြေးလမ်းမကြီးဖြစ်သွားမည်။ ဘုရားသခင်ရွေးနှုတ် ထားသူများထိုလမ်းပေါ်တွင်လျှောက်လမ်းကြမည်။ ကမ္ဘာအနှံ့အပြားသို့ပြန့်ကြဲ သွားသောဣသရေလများပြန်လည်စုစည်းလာကြပြီးပျော်ရွှင်ခြင်းအောင်ပွဲခံ ကြမည်။ ယုံကြည်ထားသူများသည်ခမည်းတော်ဘုရား၏အိမ်တော်တွင်ယေရှု သခင်နှင့်အတူစိုးစံကြမည်။ အချို့ကျမ်းမူများတွင်ဤသင်ခန်းစာကို“အသင်းတော်၏ကောင်းကြီးမင်္ဂလာ” “ဣသရေလတို့အမင်္ဂလာ”ဟုခေါင်းစဉ်တပ်ကြသည်။ ဤကျမ်းပိုဒ် ၏အဓိကပစ်မှတ်ပရိသတ်သည်ဣသရေလလူမျိုးဖြစ်သည်။ ကောင်းကြီးမင်္ဂ လာလား၊ကျိန်ခြင်းအမင်္ဂလာလား၊အသင်းတော်အကြောင်းသည်နောက်ပိုင်းမှ လိုက်လာမည်။...

  • ဟေရှာယအနာဂတ္တိကျမ်း ၃၆

    ၂။ ခေတ်သမိုင်းကြောင်းပြောင်းလဲခြင်း၊ဟိဇကိမင်း၏အတ္ထုပတ္တိ    (အခန်း၃၆-၃၉) အခန်းကြီး၃၆-၃၉အချို့ကျမ်းစာပညာရှင်များက ဟိဇကိမင်း၏အတ္ထုပတ္တိဟုနာမည်ပေးကြသည်။ ဟေရှာယကျမ်းမှသမိုင်းရာဇဝင်ကဏ္ဍဖြစ်သည်။  (၃၈:၉-၂၀)မှလွဲ၍ကျန်ကျမ်းချက်များသည်(၄ရာ၁၈:၁၃-၁၇၊၂၀:၁၉)ပြန် လည်ဖေါ်ပြခြင်းဖြစ်သည်။ (က)အာရှုရိမှ ဟိဇကိကရွေးထုတ်ခြင်း(အခန်း၃၆-၃၇) ၁။ အာရှုရိတို့ဘုရားတရား၌အားနည်းခြင်း(အခန်း၃၆) ၃၆:၁-၃ အခန်းကြီး၃၆မှ ရာဗရှာခသည်(အရက်အိုးသူကြီးအနက်ရသည်၊ သို့သော်လက်တွေ့တွင်မူနိုင်ငံတော်အကြီးအမှူး)အာရှုရိဘုရင်သနာခရိပ်က ဟိဇကိမင်းထံသံတမန်တော်အဖြစ်စေလွှတ်ခြင်းခံရသည်။ ခဝါသည်၏လယ်နား လမ်းမကြီးရှိအထက်ကကန်ပြွန်ဝရပ်၌ဟိဇကိမင်း၏ကိုယ်စလှယ်တော်များ နှင့်တွေ့ဆုံသည်။ ဤနေရာသည်အာဟပ်မင်းကအာရှုရိများထက်ယေဟောဝါ ဘုရားကိုယုံကြည်၍ကွယ်ကာစောင်မဖို့ရန်အလိုငှာရှုရိ-ဧဖရိမ်မဟာမိတ်ပြုကြ သည့်နေရာဖြစ်သည်(၇:၃)။ ၃၆:၄-၁၀ ရာဗရှာစက အဲဂုတ္တုတို့၏ကတိယုံကြည်ခြင်းသည်မိုက်မဲခြင်း ဖြစ်သည်ဟုသတိပေးလိုက်သည်။ အဘယ့်ကြောင့်ဆိုသော်ထိုပြည်သည်အား ကိုးယုံကြည်ရလောက်သည်မဟုတ်။ ထို့ထက်စာ...