Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ထွက်မြောက်ရာကျမ်း ၂၄

    ၈။ ပညတ်တရားများအတည်ပြုခြင်း (၂၄:၁–၈)           ၂၄:၁–၂ ဘုရားသခင်က မောရှေအား သိနာတောင်ပေါ်တွင် ပညတ်တရားများနှင့် အမိန့်ညွှန်ကြားချက်များ ပေးသည် (ထွ ၂၀-၂၃)။ ထိုတောင်ပေါ်မှ မောရှေမထွက်ခွာမီ ဘုရားသခင်က အာရုန်နှင့် လူသားနှစ်ယောက်နာဒပ်နှင့် အဘိဟူ၊ ဣသရေလလူကြီး (၁၁)ဦးတို့ကို ခေါ်ဆောင်လာခိုင်းသည်။ မောရှေတစ်ပါးသာလျှင် သခင်နှင့်နီးကပ်စွာနေ၍ ကျန်လူများသည် မလှမ်းမကမ်းတွင် ရပ်နေကြသည်။ ပညတ်တော်တရားခေတ်တွင် လူနှင့်ဘုရားသခင်သည် ခပ်ခွာခွာနေကြရသည်။...

  • ထွက်မြောက်ရာကျမ်း ၂၅

    ၁၁။ တဲတော်နှင့်ယဇ်ပုရောဟိတ်အမှုတော် (အခန်း ၂၅–၄၀) လာမည့်အခန်းကြီး (၇)ခုတွင် တဲတော်တည်ဆောက်မည့်အကြောင်း၊ ယဇ်ပုရောဟိတ် ခန့်မည့်အကြောင်းနှင့် တဲတော်နှင့် ယဇ်ပုရောဟိတ် ဆက်နွယ်မှုအကြောင်းများ ရှင်းပြထားသည်။ သမ္မာကျမ်းစာအုပ်တွင် အခန်းကြီးပေါင်း (၅၀)၌ တဲတော်အကြောင်း ရှင်းပြထားရာ ​အရေးကြီးသော သင်ခန်းစာ ဖြစ်သည်ဟု ခံယူနားလည်ရသည်။ တဲတော်ဆိုသည်မှာ သူ့လူများအလယ်တွင် ဘုရားသခင် ကျိန်းဝပ်ဖို့ တည်ဆောက်ထားသော တဲပုံသဏ္ဍာန်အဆောက်အဦးဖြစ်သည်။ ထိုတဲတော်သည် ဝိညာဉ်ရေးရာသခင်ခန်းစာဖြစ်သည်။...

  • ထွက်မြောက်ရာကျမ်း ၂၆

    ၆။ တဲတော် (အခန်း ၂၆)           ၂၆:၁–၆ အခန်းကြီး(၂၆)သည် ပင်မတဲတော်အကြောင်းဖြစ်သည်။ တဲတော်သည် အရှည် ၄၅ပေ၊ အကျယ် ၁၅ပေ၊ အမြင့် ၁၅ ပေရှိသည်။ ဘေးမျက်နှာစာနှစ်ခုစလုံးသည် အောက်သို့ တံစက်မြိတ်စိုက်ချထားသည်။ တစ်ဘက်(မျက်နှာစာ)ဘက်မှာ တိုင်များစိုက်ထားသည်။ ပထမဆုံးကာရံထားသော လိုက်ကာကို ပိတ်ချောဖြင့် ကာရံထားသည်။ ပိတ်ပေါ်တွင် ခေရုဗိမ်အရုပ် ဖော်ထား၍ အပြာ၊ ခရမ်း၊...