Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ထွက်မြောက်ရာကျမ်း ၃၀

    (ဂ) တဲတော်နှင့်ပတ်သက်၍ အခြားညွှန်ကြားချက်များ (အခန်း ၃၀၊၃၁) ၁။ နံ့သာပေါင်းယဇ်ပလ္လင် (၃၀:၁–၁၀)           ၃၀:၁–၁၀ နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်ကို ရွှေဖြင့် ကွပ်ထား၍ သန့်ရှင်းရာ အကန့်တွင် ထားရှိရမည်။ ၁၈ လက်မစတုရန်းပုံရှိ၍ ၃ပေ အမြင့်ရှိသည်။ ရွှေယဇ်ပလ္လင်ဟုလည်း လူသိများသည်။ ထိုယဇ်ပလ္လင်ပေါ်တွင် နံ့သာပေါင်းကို နံနက်ခင်းနှင့်ညနေခင်းတို့တွင် မီးရှို့ရသည်။ ထိုသို့ မီးရှို့ခြင်းသည် လူသားများကိုယ်စား ပြုတော်မူသော...

  • ထွက်မြောက်ရာကျမ်း ၃၁

    ၆။ လက်မှုပညာဆုလက်ဆောင် (၃၁:၁–၁၁)           ၃၁:၁–၁၁ ဘုရားသခင်က ခုရိတ်သား ဗေဇလေလ၂၈ နှင့် အဟိသမက်သားအဟောလုဘတို့အား တဲတော်ကို ပြင်ဆင်ရန် လက်မှုပညာ လက်ဆောင်သီးသန့်ပေးထားသည်။ အခြားသူများကိုလည်း သင်ပေးနိုင်သော ဉာဏ်ပညာပေးထားသည် (ငယ် ၆)။ ဘုရားသခင်က သူ့လူများကို အသိပညာအတတ်ပညာ၊ ဉာဏ်ပညာအသီးသီး တစ်ယောက်တစ်မျိုးပေးထားသည်။ ထိုပညာများသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားဖို့ အသုံးပြုရသည် (ငယ် ၆)။...

  • ထွက်မြောက်ရာကျမ်း ၃၂

    (ဃ) ရုပ်တုဆင်းတုကိုးကွယ်မှုရှုံ့ချခြင်း (အခန်း ၃၂၊၃၃) ၁။ ရွှေနွားရုပ် (၃၂:၁–၁၀)           ၃၂:၁–၁၀ သိနာတောင်ပေါ်တွင် မောရှေကာလ အတန်ကြာသောအခါ လူထုပရိသတ်က အာရုန်အား ရုပ်တုပြုလုပ်ကိုးကွယ်ဖို့ မေးမြန်း တိုက်တွန်းကြသည်။ ဘုရားသခင်တားမြစ်ပိတ်ပင်သော ရုပ်တုကိုးကွယ်ခြင်း တမင်ဖောက်ဖျက်ကြသည် (ထွ ၂၀:၄)၊ ရွှေနားကွင်း၊ ရွှေလက်ကောက်များကို အရည်ကြို၍ ရွှေနွားရုပ်ပုံသွန်းလာင်းကြသည်။ ထိုနောက် ရွှေနွားရုပ်ပြုလုပ်ခြင်း အထိမ်းအမှတ်ဖြင့် ကိုးကွယ်ကြသည်...