Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ယေဇကျေလအနာဂတ္တိကျမ်း ၃၁

    ၃၁:၁−၉ ဖာရောမင်းကဲ့သို့ ကြီးမြတ်သောသူ အဘယ်သူရှိခဲ့ပါသနည်း။ အာရှုရိမင်းကဲ့သို့ မြင့်မားသောအာရဇ်ပင် သဖွယ်ဖြစ်ခဲ့သည်။ ထိုဘုရင်သည် ဘုန်းတန်ခိုးကြီးမားလာရာ တုယှဉ်မှီနိုင်သူတစ်ဦးမျှမရှိကြ။ အလွန်ကြီးမားကျယ်ပြန့်သော ဘုန်းရိပ်ကံရီပ်အောက်၌ အနိုင်နိုင်၊ လူမျိုးအသီးသီးတို့၏ ထီးဆောင်းမင်းတို့က ခစားခိုလှုံကြရသည်။ ၃၁:၁၀−၁၄ သို့သော် စိတ်နှလုံး မောက်မာထောင်လွှားမှုကြောင့် သူ့ကို ဗာဗုလုန်လူတို့ လက်သို့ဘုရားသခင်က အပ်နှံလေပြီ။ ၃၁:၁၅−၁၈ အခြားတိုင်းနိုင်ငံများကြည့်ရှုစဉ် အာရှုရိလူတို့သည် မရဏာနိုင်ငံ(ဟေဗြဲ−Shelo) တိုင်အောင် တဟုန်ထိုးဆင်းသွားကြ၏...

  • ယေဇကျေလအနာဂတ္တိကျမ်း ၃၂

    (၄) ဖာရောနှင့်အဲဂုတ္တုတို့ငိုချင်း (အခန်း ၃၂) ၃၂:၁−၁၆ ဖာရောမင်းသည် သူ့ကိုယ်သူ ခြင်္သေ့ပျိုဟု မာန်ဝင့်ကြွားသော်လည်း ဘုရားသခင်အမြင်၌မူ ပိုက်ကွန်မှာမိ၍ ပျက်ဆီးတော့မည့် မိကျောင်းငယ်ဖြစ်၏။ ဗာဗုလုန်ဘုရင်က တိုက်ခိုက်၍ ရှိရှိသမျှအရာခပ်သိမ်း ဖျက်ဆီးသိမ်းယူသွားသဖြင့် ထည်ဝါမှုကင်း၊လျက် လူခြေဆိတ်ရာ ဖုန်းဆိုးလွင်တီးခေါင်အရပ် ဖြစ်မည်။ လူအပေါင်းတို့သည် ဒူးဖြင့် မျက်ရည်သုတ်ကာ ငိုချင်းရှည် ချကြရမည်။ အဲဂုတ္တုပြည်သည် မိမိချမ်းသာကြွယ်ဝမှုအစုစုအတွက် အော်ဟစ်မြည်တမ်း ငိုကြွေးကြရမည်ဟု...

  • ယေဇကျေလအနာဂတ္တိကျမ်း ၃၃

    ၄။ ဣသရေလတို့ပြန်လည်ထူထောင်ခြင်းနှင့် ရန်သူများကို နှိမ်နှင်းခြင်း (အခန်း ၃၃−၃၉) အခန်း ၃၃ မှစ၍ ဤကျမ်းစာအုပ်အဆုံးအထိ ဣသရေလလူမျိုးပြန်လည်ထူထောင်မည့်အကြောင်း၊ ဗိမာန်တော်ပြန်လည်တည်ဆောက်မည့်အကြောင်း ဟောပြောထား ခြင်းဖြစ်သည်။ (က) ပရောဖက်အားကင်းစောင့်သူအဖြစ် ခန့်အပ်ခြင်း (အခန်း ၃၃ ) ၃၃:၁−၉ ဤအခန်းတွင် ယေဇကျေလကို ကြည့်ရှု ကင်းစောင့်သူအဖြစ် ဖော်ပြသည်။ သူ့လူများအား ယုံကြည်ခြင်း သစွာရှိကြဖို့ သတိပေးသော်လည်း...