ယေဇကျေလအနာဂတ္တိကျမ်း ၃၄
(ခ) အငှါးသိုးထိန်းနှင့်သိုးထိန်းကောင်း (အခန်း ၃၄) ၃၄:၁−၆ သိုးထိန်းများ(အုပ်စိုးသူအစိုးရ)သည် သိုးများကို (ပြည်သူလူထု)၏ အရေးအရာကို အမှန်တကယ်စိတ်ဝင်စားလေဟန်နှင့် မိမိတို့ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုသူများ ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်စွာ စီမံအုပ်ချုပ်ကြသဖြင့် သိုးများပြန့်ကြဲ ကွဲလွင့်ကြသည်။ ယနေ့ခေတ်ကာလတွင်လည်း ဘာသာရေးခေါင်းဆောင်များသည် သိုးများထိန်းကျောင်းကျွေးမွေးမည့် နည်းလမ်းကောင်းသင်ယူလိုစိတ်မရှိကြပါ။ အကျိုးအမြတ်ရရှိမည့်နည်းလမ်းကိုသာ ရှာကြံကြသည်။ သိုးများကို အလုပ်အကျွေးပြုလိုသော၊ သိုးအုပ်အတွက်နမူနာ ကောင်းပြသနိုင်သော သိုးထိန်းကောင်းရရှိဖို့ရန် ဘုရားသခင်ထံ အမြဲတန်းဆုတောင်း...