Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ထွက်မြောက်ရာကျမ်း ၃၃

    ၃။ မောရှေ၏လူများနောင်တရကြခြင်း (၃၃:၁–၆)           ၃၃:၁–၆ ဘုရားသခင်သည် ထိုခေါင်းမာသော ဣသရေလလူမျိုးနှင့်အတူတကွ မလိုက်လို။ အကယ်၍ လိုက်မိလျှင် လမ်းခုလတ်တွင် စိတ်တိုစရာ တွေ့၍ တစ်ခုခုလုပ်မိလိမ့်မည်။ ထိုကြောင့် ဘုရားသခင်က သူ့ကိုယ်စား ကောင်းကင်တမန်တစ်ပါးရှေ့က လွှတ်ပေးမည်။ ပရိသတ်က ထိုသတင်းဆိုးကြားသိကြသောအခါ ဝမ်းနည်းကြေကွဲကြသည်။ ဝတ်ထားသော လက်ဝတ်တန်ဆာများကိုလည်း ဝတ်ဆင်လိုစိတ်မရှိကြ။ ဤရွှေများဖြင့် နွားရုပ်လုပ်လိုက်မိလေခြင်းဟု နောင်တရကြသည်။ သိနာတောင်ရောက်သည့်တိုင်အောင်...

  • ထွက်မြောက်ရာကျမ်း ၃၄

    (င) ပညတ်တရားများ အသစ်ပြန်ပေးခြင်း (၃၄:၁–၃၅:၃)           ၃၄:၁–၉ မောရှေသည် ဘုရားသခင်စေခိုင်းသည့်အတိုင်းယခင်ပေါက်ခွဲပစ်သော ကျောက်ပြားမျိုးနှစ်ခုပြုလုပ်ပြီး၊ သိနာတောင်ပေါ်သို့ တစ်ယောက်တည်း ယူဆောင်ပြန်တက်သည်။ ဘုရားသခင်လည်း ချစ်သနားခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် အတူ ကိုယ်ထင်ပြတော်မူသည် (ငယ် ၆၊၇)။ အပိုဒ်ငယ် (၇)တွင် မှားယွင်းလုပ်ဆေင်ပုံကို စကားလုံး(၃)မျိုးဖြင့် ယှဉ်ရေးထားသည် တရားတော်ကို လွန်ကျူးခြင်း ဆိုသည်မှာ ဘုရားသခင်၏ လမ်းတော်မှ...

  • ထွက်မြောက်ရာကျမ်း ၃၅

    ၃၅:၁–၃ ထို့နောက် မောရှေသည် ဣသရေလပရိသတ်အပေါင်းအား စုစည်း၍ ဥပုသ်နေ့အကြောင်း မိန့်တော်မူချက်ကို ထပ်မံရှင်းပြသည်။ (စ) တဲတော်ဆင်မြန်းရန်ပြင်ဆင်ကြခြင်း (၃၅:၄–၃၈:၃၁) ၁။ ဘုရားပေးလှူသူများ ဘုရားရှင်က လက်ဆောင်ပေးခြင်း (၃၅:၄–၃၆:၇)           ၃၅:၄–၂၀ ဘုရားသခင်၏ တဲတော် တည်ဆောက်ဖို့ မိမိတို့ စိတ်စေတနာသဒ္ဒါထက်သန်ကြသည့်အတိုင်း ပေးလှူနိုင်ကြောင်း မောရှေက ပရိသတ်အား စိန်ခေါ်သည် (ငယ် ၄-၉)။ လက်မှုပညာတတ်ကျွမ်းသူများကိုလည်း...