ယေဇကျေလအနာဂတ္တိကျမ်း ၄၆
၄၆:၁−၈ အပိုဒ်ငယ် ၁−၈တွင် ဥပုသ်နေ့နှင့် လဆန်းနေ့၌ မင်းသားသည် ယဇ်ပူဇော်စရာကိုယူဆောင်လာ၍ အတွင်းတံတိုင်း အရှေ့တံခါးပေါက်၌ ရပ်သည့်အကြောင်းရှင်းပြသည် (ငယ် ၆)။ မင်းသားသည် အတွင်းတံတိုင်းထဲသို့မဝင်ရ။ လူပရိသတ်သည် မင်းသားနောက်တွင် မတ်တပ်ရပ်၍ ယဇ်ပုရောဟိတ်များနည်းတူ ဝတ်ပြုရသည်။ မင်းသားနှင့်လူပရိသတ်များသည် အတွင်းတံတိုင်း ထဲသို့ဝင်ခွင့်မရကြ။ ဣသရေလ တမျိုးသားလုံးသည် အတိတ်က မတွေ့ဖူး မကြုံဖူးခဲ့သော တစုံတရာအဖြစ် မိလေနိကာလ၏ ပူဇော်သက္ကာများတွင်...