၁၃:၁ ရုပ်တုဆင်းတု မကိုးကွယ်ကြခင်က ဧဖရိမ်တို့ကို အခြားမျိုးနွယ်များက မော်မကြည့်ရဲကြ။ ဣသရေလတို့စကားပြောလျှင် နှုတ်ဆိတ်နာခံခဲ့ကြသည်။ သို့သော် ဗာလဘုရားကိုးကွယ်ကြသည့်အခါတွင်မူ အခြားသူများကလည်း သူလိုကိုယ်လိုဘဲဟု ထင်မှတ်လာကြသည်။ သူတို့ကဲ့သို့ပင် သေမျိုးဖြစ်ကြောင်း သိရှိလာသည်။ ၁၃:၂–၃ အချိန်ကြာသည်နှင့်အမျှ ရုပ်တုဆင်းတုကိုးကွယ်သူ ပိုမိုများပြားလာကြသည်။ ရွှေနွားသူငယ်ရုပ်တုကို နမ်းရှုပ်သည့်အကြောင်းမမောနိုင်မပန်းနိုင်၊ စကားဖောင်ဖွဲ့ကြသည်။ သူတို့သည် မီးခိုးခေါင်းတိုင်မှထွက်သော မီးခိုးငွေ့များလေတိုက်ရာ လွင့်မျောပျောက်ကွယ်သကဲ့သို့ ပျောက်ကွယ်သွားကြမည်။ ၁၃:၄–၈...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟောရှေအနာဂတ္တိကျမ်း