Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဟောရှေအနာဂတ္တိကျမ်း ၁၄

    ၈။ ကောင်းချီးမင်္ဂလာ၌ ဝမ်းမြောက်နိုင်ရန် ဣသရေလတို့နောင်တရဖို့ တိုက်တွန်းခြင်း။ (အခန်း ၁၄) ၁၄:၁–၃ ဣသရေလလူမျိုးတို့အား အပြစ်ဝန်ချနောင်တရရန်ဖိတ်ခေါ်သည်။ နောင်တွင်လည်း ဆက်လက်ဖိတ်ခေါ်နေဦးမည်။ ဘုရားရှင်ကို အားမကိုးဘဲ၊ အာရှုရိနှင့် မဟာမိတ်ဖွဲ့ခြင်း၊ အဲဂုတ္တုပြည်၏ မြင်းစီးသူရဲကောင်းများကို အားကိုးခြင်း၊ ရုပ်တုဆင်းတုကိုးကွယ်ခြင်းများသည် အပြစ်ဒုစရိုက်ဖြစ်၏။ ဘုရားရှင်တပါးတည်းသာ မျှော်လင့်စရာဖြစ်ကြောင်းနားလည်ခံယူသင့်သည်။           ၁၄:၄–၇ ဘုရားသခင်က အနာရောဂါ ကင်းငြိမ်း၍ချစ်ခြင်းမေတ္တာပွားမည်၊ အားသစ်အင်သစ်တိုးစေမည်။ နိုးကြွထကြွ...

  • ယောလအနာဂတ္တိကျမ်း နိဒါန်း

    “ယောလ အနာဂတ္တိကျမ်းသည် ပရောဖက်ကျမ်းများအနက် ပထမဦးဆုံးရေးသား ပရောဖက် ပြုသောကျမ်း ဖြစ်ဖွယ် ရှိသည်။ ထို့ကြောင့်ဤကျမ်းတွင် ပရောဖက်ပြုချက်များစကားကို ထိုးထွင်းသိမည်စေမည့် အဖိုးထိုက်အမြင်ကိုပေးသည်။ နှုတ်ကပတ်တော်ဖွင့်ပြသော နောက်ဆုံးကာလ ကပ်ကမ္ဘာအကြောင်းတို့ကို လည်းပုံဖော်ပြထာသည်။ ဤယာယီဖြစ်သော ခေတ်ကာလအဆုံးတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စီမံကိန်းကို ဖော်ဆောင်မည့် အမှုတော်သစ်လမ်းကြောင်းကို ပရောဖက်ယောလအနာဂတ္တိကျမ်းအားဖြင့် အစပြုပြင်ဆင်လိုက်ခြင်း ဖြစ်သည်။ သခင်ယေရှုအပါအဝင် နှောင်းပရောဖက်များ ပေါ်ထွန်းဟောကြားမည့် အကြောင်းအရာများသည်...

  • ယောလအနာဂတ္တိကျမ်း ၁

    ၁။ ကျိုင်းကောင်ကပ်ဆိုးကြီးအကြောင်း (အခန်း၁) (က) မကြုံစဘူးအဖြစ်ဆိုး(၁:၁–၄) ၁:၁-၄ ပေသွေလ၏သား ယောလကကျိုင်းကောင်ကပ်ဆိုးကြီး ကျရောက်လာမည်ဟု ဟောကြားသည့်အတိုင်း မြောက်ဘက်အရပ်မှ နယ်ချဲ့ကျူးကျော်သူတပ်မကြီးများသည် ကျိုင်းကောင်အုပ်ကြီးပမာ အလုံးအရင်းဖြင့် ယုဒပြည်ထဲသို့ဝင်ရောက်လာကြသည်။ ယောလ၏ ပရောဖက်ပြုချက်သည် ဗာဗုလုန်သားများဝင်ရောက်လာခြင်းဖြင့် တစိတ်တပိုင်း ပြည့်စုံလာသည်။ နောင်တွင် မြောက်ပိုင်းဘုရင် (အာရှုရိပြည်) ဟုဖြစ်လာသည်။ ကျိုင်းကောင်အုပ်ပမာ တပ်မဟာကြီးအလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းသည် တသက်တကိုယ်မေ့မရနိုင်သော အဖြစ်ဆိုးဖြစ်၍ သားစဉ်မြေးဆက်...