ယောလအနာဂတ္တိကျမ်း ၂
၂။ ရန်သူများကျူးကျော်ဝင်ရောက်လာခြင်း (၂:၁–၁၁) ၂:၁–၃ စစ်ခရာတပ်လှန့်နှိုးဆော်သံသည် တိုက်ပွဲဝင်ရန် အချက်ပေးသံဖြစ်၍ အသင့်စောင့်နေကြသကဲ့သို့ ဘုရားသခင်၏ နေ့ရက်သည်လည်း ရောက်လာခါနီးပြီ။ လတ်တလောတွင် ဗာဗုလုန်ကျူးကျော်သူများ ဝင်ရောက်ဖျက်ဆီးခြင်းဖြင့် ပရောဖက်ပြုချက် တစိတ်တပိုင်းပြည့်စုံသကဲ့သို့ နောင်တွင် ပြည့်စုံလည်မည့် အချက်များလည်းရှိသည်။ ဗာဗုလုန်ကျူးကျော်သူများ ချဉ်းနင်းမဝင်ရောက်မီကာလတွင် ယုဒပြည်သည် ဧဒင်ဥယျာဉ်ကဲ့သို့ သာယာခဲ့သည်။ ရန်သူများဝင်ရောက်သည့်နောက်ပိုင်းတွင်မူ သုဿန်တစပြင်မြေကဲ့သို့ ခြောက်သွေ့ခဲ့သည်။ ၂:၄–၁၁ ကျိုင်းကောင်များသည်...