Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • အာမုတ်အနာဂတ္တိကျမ်း ၄

    (ခ) ဒုတိယအကြိမ်ဆင့်ခေါ်ခြင်း(အခန်း၄) ၄:၁–၃ ရှုမာရိသူကြွယ်မများသည် အဝအလင်ကျွေးမွေးထားသော ဗာရှန်နွားမများနှင့် တူသည်။ မရှိဆင်းရဲသားများ၏ ဂုပ်သွေးဖောက်စုတ် ခေါင်းပုံဖြတ်လျက် မတရားသဖြင့် ဇိမ်ခံနေကြသည်။ ထို့ကြောင့်မိမိမွေးရပ်မြေကို စွန့်ခွါလျက် အာရှုရိတို့၏ ဖမ်းဆီးကျွန်ပြုခြင်းခံရမည်။ သူတို့နှင့်တကွ သူတို့သားစဉ်မြေးဆက်တို့သည် ငါးမျှားချိတ်နှင့် ပိုက်ကွန်၌မိသော ငါးကဲ့သို့ ဖမ်းဆီးသွားခြင်းခံရလိမ့်မည်။ သူတို့မြို့ရွာ စည်းရိုးတံတိုင်း များပြိုလဲပျက်စီ:ကုန်မည်။ အချို့ကျမ်းမူများ(RSV,NASB,NKJV) ကထိုအရပ်ဒေသကို  Harmon ဟုဆိုကြသည်။ KJV...

  • အာမုတ်အနာဂတ္တိကျမ်း ၅

    (ဂ) တတိယအကြိမ်ဆင့်ခေါ်ခြင်း(၅:၁–၁၇) ဣသရေလတို့၏ မထုံတက်တေးခေါင်းမာမှုကြောင့် ပရောဖက်အာမုတ်ခမျာ မျက်ရည်ကျရသည်။ ထောင်ပြုမြို့မှတစ်ရာ၊ ရာပြုမြို့မှတစ်ဆယ် လိုအပ်သော စစ်မှုထမ်း၏ဆယ်ပုံတစ်ပုံကိုသာ ပေးနိုင်ကြတော့မည်။ ထိုသို့ဖြစ်နေသည့်တိုင် ဣသရေလတို့သည် ဘုရားရှင်ကို မရှာဖွေကြ။ ဘုရားရှင်ကိုရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်။ ဗေသလ၊ ဂိလဂါလ၊ ဗေရရှေဘ အစရှိသော မြို့ကြီးပြကြီးတို့သည် ဘုရားသခင်ကိုတွေ့ရှိနိုင်သော နေရာမဟုတ်။ (ထိုမြို့များကား ရုပ်တုဆင်းတုများ၏ နေရာဖြစ်သည်)။ ၅:၁–၁၃ တစ်နည်းအားဖြင့် ခိမကြယ်စုနှင့်...

  • အာမုတ်အနာဂတ္တိကျမ်း ၆

    (င) ဒုတိယအမင်္ဂလာ (အခန်း ၆) ၆:၁– ၈ ဇိမ်ခံခြင်း၊ ချမ်းသာခြင်း၊ သာယာခြင်းနှင့် ဘဝလုံခြုံခြင်းများကို အနိုင်အထက်အပြုခံရမည်။ “ဆင်စွယ်ကုတင်မွေ့ယာပေါ်မှာလဲလျောင်းတတ်သူများ ၊ မြိန်ပေ့၊ ကောင်းပေ့ဟူသော အစားအသောက်ကို သောက်စားယစ်ကြူးသူများ၊ အဖိုးတန်နံ့သာရေမွှေးနှင့် ပန်းကုံးကမ်းခြင်းခံရသူများ အမင်္ဂလာသင့်ကြပြီ။ ထို့ကြောင့်ထာဝရဘုရားက “ယာကုပ်၏မာနကို ငါရွံရှာ၍ သူတို့ဗိမာန်ကို မုန်းသောကြောင့် မြို့တော်၌ ရှိသမျှကို ငါစွန့်ပစ်မည်” ဟုဆိုသည်။ ရှမာရိလူများသည်...