Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • နာဟုံအနာဂတ္တိကျမ်း ၃

    ၃:၁–၃ နိနေဝေမြို့ကြီ: ပျက်သုဉ်းရခြင်း၏ အကြောင်းအရင်းများကို ဤအခန်းတွင်ရှင်းပြထားသည်။ လူ့အသက်သတ်ဖြတ်ခြင်း၊ လှည့်စားခြင်း၊ အနိုင်အထက်ပြုခြင်း၊ အိမ်နီးနားချင်းများကိုဖမ်းဆီး၍ ကျွန်ပြုခြင်း အစရှိသော အမင်္ဂလာအမှုများ ကျူးလွန်ကြသည်။ ယခုဗာဗုလုန်မြင်းစီးသူရဲကောင်းများသည် ဓါးလှံတလက်လက်ဝင့်ချီလျက် မြို့တော်လမ်းမအနှံ့ မြင်းခွာသံတဖြောင်းဖြောင်း ပြေးလွှားနေကြပြီ။ လမ်းဘေးလမ်းလယ်ခေါင် တလျှောက် အသေကောင်များပုံနေကြပြီ။           ၃:၄–၇ နိနေဝေမြို့သားများသည် ပြည့်တန်ဆာမအကျင့်ရှိလျက် စုန်းအတတ်ပညာဖြင့်လူများကိုပြုစား ဒုက္ခပေးကြသည်။ အချို့က ကုန်သွယ်နှင့်ငွေကြေးကို ဘုရားအဖြစ်ကိုးကွယ်ကြသည်။...

  • ဟဗက္ကုတ်အနာဂတ္တိကျမ်း နိဒါန်း

    “ဟဗဣုတ်သည် မိမိနှင့်မိသားစုလုံခြုံရေးအတွက်သာ သိတတ်သော အတ္တသမားတစ်ဦးမဟုတ်။ စစ်မှန်သောမျိုးချစ်ပုဂ္ဂိုလ်ဖြစ်သည့်အားလျော်စွာ မိမိပတ်ဝန်းကျင်ရှိ ခေတ်ကာလအကျင့် စရိုက်နှင့် ဝိညဥ်ရေးရာအတွက် နာကျင်စိတ်ပျက်မိသည်။ သူ့လူမျိုးသူ့တိုင်းပြည်ကို ချစ်သည်။ ဘုရားသခင်၏ ပညတ်တရားတော်များကို ချိုးဖောက်လျက်ရှိသောကြောင့် အလုံးစုံပျက်သုဥ်းခြင်းသို့ ဦးတည်ချဥ်းကပ်နေကြောင်း ရိပ်မိသည်။ ထို့ကြောင့် စိတ်နှလုံးထိခိုက်နာကျင်စွာ နှုတ်မှမေးခွန်းနှစ်ရပ်ထွက်ပေါ််လာသည်။ “အချိန်ကာလမည်မျှကြာအုံးမည်နည်း” “အဘယ့်ကြောင့် ဤအရာများကို ကြုံတွေ့ စေရသနည်း။” Richard W. De Haan...

  • ဟဗက္ကုတ်အနာဂတ္တိကျမ်း ၁

    ၁။ အကျင့်ပျက်ယွင်းကြသောယုဒလူမျိုးများအပေါ် ဘုရားရှင်အရေးမယူခြင်းအား ပရောဖက်က နားမလည်နိုင်ခြင်း(၁:၁–၄) ကျမ်းစာတစ်အုပ်လုံးတွင် ဟဗက္ကုတ်က သူ့ပုခုံးပေါ်သို့ကျရောက်သော ကြီးလေးသည့် တာဝန် (ဗျာဒိတ်NKJV Marg) ကို ထုတ်ဖော်ရေးသားသည်။  အငယ်၂-၄ ၌ ယုဒလူမျိုးအကြား၌ မတရားသောအမှု၊ လုယက်ခြင်း၊ အနိုင်အထက်ပြုကျင့်ကြခြင်း၊ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်း၊ မတရာသဖြင့် ဆုံးဖြတ်ခြင်း စသည့်အမင်္ဂလာများကို အဘယ့်ကြောင့်ကြည့်နေသနည်းဟု ဘုရားသခင်ထံစောဒကတက်သည်။  ထိုအသရေယုတ်သူများကို အဘယ်ကာလတိုင်အောင် ပြစ်ဒဏ်မပေး၊...