ဝတ်ပြုရာကျမ်း ၇
၇း၁-၇ ပထမပိုင်းအပိုဒ်ငယ် (၇) ခုသည် ဒုစရိုက်ယဇ်ပူဇော်သက္ကာနှင့်သက်ဆိုင်သောစည်းကမ်းများဖြစ်သည်။ အများစုမှာ ၅း၁၄-၆း၇ တွင်ရှင်းပြပြီးဖြစ်သည်။ ၇:၈ အပိုဒ်ငယ် (၈)သည် မီးရှို့ပူဇော်သက္ကာပြုပုံနှင့် ယဇ်ပုရောဟိတ်သည် ယဇ်ကောင်၏သားရေခွဲတမ်းရရှိပုံဖြစ်သည်။ ၇:၉–၁၀ အပိုဒ်ငယ် (၉)သည် ဘောဇဉ်ပူဇော်သက္ကာပြုရာတွင် ယဇ်ပုရောဟိတ်၏ဝေစုနှင့် အပိုဒ်ငယ် ၁၀သည် ယဇ်ပုရောဟိတ်များ၏ခွဲတမ်းအကြောင်းဖြစ်သည်။ ၇:၁၁–၁၈ မိဿဟာယပူဇော်သက္ကာပြုလုပ်ပုံကို ၇:၁၁-၂၁ တွင် ရှင်းပြပြီးဖြစ်သည်။ ဘောဇဉ်ပူဇော်သက္ကာပြုခြင်းရည်ရွယ်ချက်ပေါ်မူတည်၍ (၃)မျိုးရှိသည်။ ကျေးဇူးတော်ချီးမွမ်းခြင်း (ငယ်...