Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဝတ်ပြုရာကျမ်း ၁၉

    (ခ) နေ့စဉ်အသက်တာ (အခန်း ၁၉)           ၁၉:၁–၂၅ သန့်ရှင်းစင်ကြယ်ရခြင်းအကြောင်းရင်းမှာ “သင်တို့ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိရမည်” (ငယ်၂)ဟူသောကျမ်းစကား ဖြစ်သည်။ ဤကျမ်းချက်တွင် လိုက်နာရမည့် စည်းမျဉ်းနိယာမ အမျိုးမျိုး ပြဌာန်းထားသည်။ မိဘနှစ်ပါးကို ရိုသေစောင့်ရှောက်ရမည်။ ဤအချက်သည် ပညတ်တော်ဆယ်ပါးတွင် ပဉ္စမအချက် အဖြစ် ပြဌာန်းထားပြီးဖြစ်သည် (ငယ်၃)။ ဘုရားသခင်၏ ဥပုသ်တော်နေ့ကို...

  • ဝတ်ပြုရာကျမ်း ၂၀

    (ဂ) အပြစ်ဒုစရိုက်သမားများသို့အပြစ်ဒဏ် (အခန်း၂၀) အခန်း ၂၀သည် အခန်း ၁၈၊၁၉တွင် တားမြစ်ပြဌာန်းချက်များ လိုက်နာခြင်းမရှိ၊ ဖောက်ပြန်သူများအား အရေးယူအပြစ်ဒဏ်ပေးမည့်အကြောင်း ဖြစ်သည်။ မိမိသားသမီးကို မောလုတ်ဘုရားထံသို့ ပို့ဆောင်သူသည် ခဲပါက်သတ်ခြင်းခံရမည် (ငယ်၁-၃)။ သူတပါးအသက်သတ်သူသည် ထိုသူကိုဖြစ်စေ၊ သူ့မိသားစုကိုဖြစ်စေ ဘုရားသခင်က ဖျက်ဆီးမည်(ငယ်၄၊၅)။ စုန်း၊ ကဝေ၊ ဝိညာဉ်ဆိုး၊ အောက်လမ်းဆရာ ကိုးကွယ်သူများသည်လည်း ဘုရားသခင်၏ သန့်ရှင်းခြင်းကို ပုန်ကန်ကြသောကြောင့်...

  • ဝတ်ပြုရာကျမ်း ၂၁

    (ဃ) ယဇ်ပုရောဟိတ်များသို့ ညွှန်ကြားချက် (အခန်း ၂၁–၂၂)           အခန်း ၂၁၊၂၂ သည် အခန်း ၁၆၊၁၇ တွင်ပါရှိသည့် အာရုန်နှင့်သားများသို့ လိပ်မူထားသည်။ ၂၁:၁–၄ ယဇ်ပုရောဟိတ်များသည် မိမိသွေးရင်းသားရင်းအလောင်းမှလွဲ၍ အခြားလူသေကောင်များ ကိုင်တွယ်ထိတွေ့ခြင်းဖြင့် မိမိကိုယ်ကို မစင်ကြယ်အောင် မပြုလုပ်ရ။ မသာအိမ်သို့ ဝင်ရောက်လျှင် (၇)ရက်လုံးလုံး မစင်ကြယ်(တော ၁၉:၁၄)။ ထိုမစင်ကြယ်သည့်ကာလအတောအတွင်းတွင် ယဇ်ပူဇော်ခြင်းမပြုနိုင်။ သို့သော်သွေးရင်းသားရင်း...