တရားဟောရာကျမ်း ၅
၂။ မောရှေဒုတိယအကြိမ်မိန့်မှာချက်ပြည်တော်တွင် စင်ကြယ်ကြရန် (အခန်း ၅–၂၈) (က) သိနာတောင်ပဋိညာဉ်စားမြုံ့ပြန်ခြင်း (အခန်း ၅) ၅:၁–၆ အခန်း၅သည် သိနာတောင်(ဟောရဗိ)ပေါ်မှာပေးထားသော ပညတ်တော်ဆယ်ပါးကို စားမြုံ့ပြန်ခြင်းဖြစ်သည်။ အပိုဒ်ငယ် ၃တွင် “ငါတို့ဘိုးဘေးများနှင့်သာ ပြည့်စုံသည်မဟုတ်” ဟုဆိုထားပါသည်။ ထိုပညတ်တော်သည် ဘိုးဘေးများ လက်ထက်တွင် ပြုခဲ့ကြသည် မှန်သော်လည်း ဘိုးဘေးများသာမက နောင်လာနောင်သားများနှင့်လည်း အကြုံးဝင်သည်။ ၅:၇–၂၁...