Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • တရားဟောရာကျမ်း ၁၁

    ၁၁:၁–၇ မောရှေက ဣသရေလတို့အား အတိတ်သမိုင်းကြောင်းကို သင်ခန်းစာယူတတ်ကြဖို့ တဖန် တိုက်တွန်းသတိပေးသည်။ ဝိညာဉ်သင်ခန်းစာ ရယူစေချင်သည်။ အပိုဒ်ငယ်၂သည် ကန္တာရခရီးစဉ်ကာလတွင် မွေးဖွားသူများအား ရှေးဘိုးဘေးများအကြောင်း ပြန်လည်ဖောက်သည်ချခြင်းဖြစ်သည်။ အဲဂုတ္တုပြည်မှ ထွက်ခွာစဉ် တိုက်ပွဲဝင်နိုင်သော အသက်(၂၀)အရွယ်နှင့်အထက် ယောက်ျားသားများသည် ပြည်တော်သို့ ဝင်ခွင့်မရကြ(၂:၁၄၊ ယောရှု ၅:၆)။ ဘုရားသခင်သည် ဣသရေလလူတို့အား အဲဂုတ္တုကျွန်ဘဝမှ ရွေးထုတ်၍ ကန္တာရလွင်ပြင်တွင် ခရီးရှည်ချီတက်စေခဲ့သော်လည်း ဒါသန်နှင့်အဘိရမ်အရပ်၌...

  • တရားဟောရာကျမ်း ၁၂

    (စ) ဝတ်ပြုကိုးကွယ်ခြင်းပုံစံ (အခန်း ၁၂)           ၁၂:၁–၃ ဘုရားသခင်၏ လူများသည် ကတိတော်မြေပေါ်သို့ အောင်မြေချဝင်ရောက်သောအခါ တစ်ပြည်လုံးရှိ ရုပ်တုဘုရားတုများနှင့်ပတ်သက်သောအရာအားလုံးကို တစ်စမကျန် မှောက်လှန်ဖျက်ဆီးပစ်ရသည်။ သစ်သားဘုရား(ဟေဗြဲ ashèrîm)သည် ဘုရားမသင်္ကေတဖြစ်သည်။ တိုင်များသည် ဗာလဘုရားဘုရားထီးအမှတ်အသားဖြစ်သည်။ ၁၂:၄–၁၄ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ဖို့ ပူဇော်သက္ကာယဇ်ကောင်များကို ယူဆောင်လာရမည်။ ပူဇော်သက္ကာယဇ်ပြုလုပ်ရာဌာနတော်များကိုလည်း အသေအချာပြင်ဆင်ဆောက်လုပ်ရမည်။ ပထမဦးစွာ (ရှိလောမြို့ – ယောရှု...

  • တရားဟောရာကျမ်း ၁၃

    (ဆ) မိစ္ဆာပရောဖက်နှင့်ရုပ်တုဝါဒီများအတွက် အပြစ်ဒဏ် (အခန်း ၁၃) ပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖွင့်ခြင်းဖြင့်ဖြစ်စေ ဘုရားသခင်၏ လူများကို တစ်ဦးတလေသော်၎င်း၊ အဖွဲ့လိုက်သော်၎င်း၊ ရုပ်တုဆင်းတုဘုရားတုကိုးကွယ်ဖို့ ဖျားယောင်း စုံစမ်းသူသည် သေဒဏ်ကျခံရမည် (ငယ် ၁-၅)။ ဆွေမျိုးနီးစပ်ကသော်၎င်း (ငယ် ၆-၁၁)၊ အဖွဲ့အစည်း ပတ်ဝန်းကျင်အသိုင်းအဝိုင်းကသော်၎င်း (ငယ် ၁၂-၁၈)၊ သွေးဆောင်လျှင် ဓါးဖြင့်ခုတ်သတ်ပစ်ရမည်။ ပရောဖက်က အံ့ဘွယ်အမှုလက္ခဏာပြ၍ စည်းရုံးလျှင်လည်း လိုက်ပါမသွားရ။...