Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • တရားဟောရာကျမ်း ၂၀

    (ဏ) ပညတ်တရားနှင့် စစ်ရေးစစ်ရာ (အခန်း ၂၀)           ၂၀:၁–၈ အခန်း(၂၀)သည် ဘုရားသခင်၏ လူများ စစ်မှုထမ်းဆောင်ခြင်းနည်းဥပဒေဖြစ်သည်။ ယဇ်ပရောဟိတ်များသည် စစ်မက်ရေးရာတွင် လက်နက်စွဲကိုင် မပါဝင်ရသော်လည်း မိမိလူများကို စစ်သွေးစစ်မာန်တက်ကြွအောင် လှုံ့ဆော်သွေးထိုးရသည်။ အရွယ်ရောက်သူတိုင်း ဘုရားသခင်အတွက် စစ်ပွဲဆင်နွဲရမည်ဖြစ်သော်လည်း ခွင့်လွှတ်ထားသူများရှိသည်။ (၁)အိုးသစ်အိမ်သစ်လောလောလတ်လတ် တည်သူများ၊ (၂)စပျစ်ဥယျာဉ်သစ် စိုက်၍ အသီးမစားရသေးသူများ၊ (၃)လက်ထက်ထိမ်းမြားခါစ၊ (၄)တိုက်ပွဲမှာသေလျှင်ကျန်ရစ်သော မိန်းမအခြားယောက်ျားယူမည်ဟု...

  • တရားဟောရာကျမ်း ၂၁

    (တ) အထွေထွေပညတ်ချက်များ (အခန်း ၂၁–၂၅) (၁) လက်သည်မပေါ်သောလူသတ်မှုပြဿနာ (၂၁:၁–၉)           ၂၁:၁–၉ လူသေအလောင်းတွေ့ရှိ၍ လူသတ်တရားခံရှာမတွေ့လျှင် အနီးစပ်ဆုံးရှိ လူကြီးသူမများသည် သူတို့တရားခံမဟုတ်ကြောင်း ဘုရားသခင်ရှေ့၌ ဝန်ခံယဇ်ပူဇော်ရသည်။ နွားဒန်းတစ်ကောင်ကို ရေစီးသော စမ်းချောင်းနားတွင် ယဇ်ပူဇော်ရသည်။ ထိုနွားမအပေါ်သို့ စမ်းချောင်းရေဖြင့် လက်ဆေးကြသည်။ သူတို့ရပ်ရွာတွင် တာဝန်မရှိကြောင်းနှင့် ထိုသို့သွေးမြေခခြင်းသည် မိမိတို့နှင့်မဆိုင်ကြောင်း ဝန်ခံပြန်သည်။ ထိုရပ်ရွာသည် အပြစ်ဒုစရိုက်နှင့်...

  • တရားဟောရာကျမ်း ၂၂

    (၆) အမူအယာပညတ်ချက်ကိုးပါး (၂၂:၁–၁၂)           ၂၂:၁–၃ အခန်းကြီး ၂၂သည် ဝတ် ၁၉:၁၈ပါ “သင်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသော ပညတ်ချက်အား ထပ်မံရှင်းပြသည်။ သင့်ရန်သူနှင့်ဆိုင်သောပစ္စည်းများကို ပိုင်ရှင်ထပ်မံရှင်းပြသည်။ သင့်ရန်သူနှင့်ဆိုင်သောပစ္စည်းများကို ပိုင်ရှင်ထံသို့ပြန်ပေးပါ (ထွ ၂၃:၄-၅)ဟု ဆိုသည်။ အိမ်နီးနားခြင်းများ၏ ပျောက်ဆုံးသောပစ္စည်းများ တွေ့ရှိကောက်ရလျှင်လည်း မနှေးအမြန်ပြန်ပေးရသည်။ တိရစ္ဆာန်ဖြစ်စေ၊ အဝတ်အစားဖြစ်စေ၊ တစ်စုံတစ်ခုဖြစ်စေ၊ သိမ်းဆည်းကောက်မိလျှင် ပိုင်ရှင်မပေါ်မခြင်း၊...