တရားသူကြီးမှတ်စာ ၂
၂:၁–၅ ဘုရားသခင်၏ ကောင်းကင်တမန် (သခင်ယေရှု)က နာခံခြင်းမရှိသောသူများအား ဗောခိမ် (ငိုနေသူများဟုအနက်ရသည်) အရပ်တွင် ပြစ်တင်ရှုတ်ချသည်။ အပိုဒ် ၁တွင် ဂိလဂါလ (ကောင်းကြီး မင်္ဂလာအရပ်ဟု အနက်ရသည်)မှ ဗောခိမ် (ငိုကြွေးရာမြေ)သို့ ပေါ်ထွန်းလာသည်ဟုဆိုသည်။ ဣသရေလတို့သည် အောင်မြေမှ မျက်ရည်ပြည်သို့ ရောက်ရှိနေကြပြီ။ ဘုရားတုကိုးကွယ်သော ဒေသခံခါနန်ပြည်သားများ အပြောင်အစင် မမောင်းထုတ်ကြသောကြောင့် ဆိုးကျိုးကြုံနေရပြီ။ ထို့ကြောင့် ဘုရားရှင်က ကောင်းကြီးမင်္ဂလာအစား...