တရားသူကြီးမှတ်စာ ၁၄
၂။ ရှံဆုန်၏ ပွဲတော်နှင့်စကားထာ (အခန်း ၁၄) ၁၄:၁–၄ ရှံဆုန်သည် ဣသရေလတို့၏ ရန်သူ ဖိလိတ္တိအမျိုးသမီးတစ်ဦးတွေ့မြင်သည်နှင့် တပြိုင်နက် ငမ်းငမ်းတက်ချစ်ကြိုက် လက်ထပ်ချင်သည်။ မိဘများက ဟန့်တားသော်လည်းမရ။ အပိုဒ်ငယ် ၄သည် ဘုရားသခင်က ရှံဆုန်၏ မနာခံမှုကို သဘောတူခြင်းမဟုတ်။ ဣသရေလတို့၏ အရေး၊ ဣသရေလ ရန်သူများအပေါ် အရေးယူရေးအတွက်ဖြစ်သည်။ ၁၄:၅–၇ ဖိလိတ္တိမြို့တော် တိမနသို့...