ရုသဝတ္ထု ၄
၅။ ဗောဇကကယ်နှုတ်ခြင်း (၄:၁–၁၂) ၄:၁–၆ မိုးလင်းလျှင်ဗောဇသည် မြို့မိမြို့ဖများ မျက်နှာချင်းဆုံရာ မြို့မတံခါးဝသို့သွားသည်။ ထိုအချိန်တွင် ရုသကို အနီးဆုံးရွေးပိုင်သော ညီအစ်ကိုသည် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။ “မိတ်ဆွေ“ ဟု လှမ်းခေါ်သည်။ မြို့မိမြို့ဖဆယ်ဦးရှေ့မှာ ဗောဇက နောမိနှင့်ရုသတို့အကြောင်း ရှင်းပြသည်။ သို့ဖြင့် နောမိရောင်းချမည့် သူ့ယောက်ျားပိုင် ဧလိမလက်၏မြေကို ဦးစားပေးဝယ်ခိုင်းသည်။ ထိုအချိန်ထိ ထိုကိုယ်တော်ချော၏ နာမည် မသိရသေးပါ။ ထိုသို့ဝယ်ယူ...