ဓမ္မရာဇဝင်ပဋ္ဌမစောင် ၂၆
(၇) ရှောလုအား ဒုတိယအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပေး ၂၆:၁–၄ ဇိဖသားများက ဒါဝိဒ်၏ သတင်းအား ရှောလုသို့ပေးပို့ကြပြန် (၂၃:၁၉ နှင့်ယှဉ်ဖတ်)သဖြင့် ယခင်ကထက် အင်အားငါးဆစုရုံးပြီး ဒါဝိဒ်အား ဖမ်းဆီးရန် ဇိဖတောသို့ ချီတက်ကြသည်။ ရှောလုစိတ်တွင် မည်သို့ရောဂါဆိုးထလာပြန်သည်ကို တပ်အပ်မသိ။ သတင်းပေးနှစ်ယောက်၏စကားကြောင့် အမုန်းစိတ်တဖန် ပေါက်ဖွားရှင်သန်လာခြင်းဖြစ်နိုင်သည် (အခန်း ၂၄)။ သို့မဟုတ် ဝိညာဉ်ဆိုးလှုံ့ဆော်မှုလည်း ဖြစ်နိုင်သည် (ငယ် ၁၉ကိုကြည့်)။...