ဓမ္မရာဇဝင်ဒုတိယစောင် ၁၈
၁၈:၁–၅ ဒါဝိဒ် သည် သူ့အဖွဲ့အား ယွာဘ၊ အဘိရှဲ၊ အိတ္တဲ ခေါင်းဆောင်စေလျှက် (၃) ဖွဲ့ခွဲလိုက်သည်။ စစ်ရေးကြိုတင် ပြင်ဆင်ဖွဲ့စည်းထားသည်။ ဒေသခံမြို့သူမြို့သားများကလည်း လိုအပ်သည်များကူညီကြမည်ဟု ကတိပြုကြသည်။ ဒါဝိဒ်သည် စစ်ချီထွက်ခါနီးတွင် စစ်ဗိုလ်ချုပ်များအား သူ့မျက်နာထောက်၍ အဗရှလုံအား သက်ညှာစွာ စဉ်းစားပေးကြရန် မှာကြားလိုက်သည်။ ၁၈:၆–၉ ယောဒန်မြစ်တစ်ဘက်ကမ်း မဟာနိမ်အနီး ဧဖရိမ်တော တွင် စစ်တိုက်ကြသည်။ အဗရှလုံ၏...