Category: ရှင်မဿဲခရစ်ဝင်

  • ရှင်မဿဲခရစ်ဝင် ၉

    (ဇ) ၉:၁ ဂါဒရအရပ်သားများက လက်မခံသောအခါ သခင်ယေရှုသည် တဖက်ကမ်းရှိနေ ရပ်ဌာနေကပေရနောင်သို့ တဖန်ပြန်လည်ကူးသွားသည်။ ကပေရနောင်သည်နာဇရက်သားများက သခင် ယေရှုအားလက်မခံသည့် နောက်ပိုင်းတွင် ကိုယ်တော်ဘုရား၏ ကျင်လည်ကျက်စားရာဖြစ်သည်။ (လု ၄:၂၉-၃၁)။ အံ့ဖွယ်လက္ခဏာများပြသထင်ရှားရာလည်းဖြစ်သည်။ ၉:၂ လူလေးယောက်သည် လေဖြတ်သူ ဒုက္ခိတအားသခင်ယေရှုထံ ထမ်းစင်ဖြင့် သယ်ဆောင်လာကြသည်။ ရှင်မာကုကမူ ပရိသတ်ကြား မတိုးနိုင်သဖြင့် အိမ်ခေါင်မိုးဖောက်၍ ကိုယ်တော် ဘုရားထံ ဆိုင်းကြိးဖြင့်ချပေးသည်။...

  • ရှင်မဿဲခရစ်ဝင် ၁၀

    (ခ) တပည့်တော်တဆယ့်နှစ်ပါးခေါ်ယူခြင်း (၁၀:၁-၄) ၁၀:၁ အခန်းကြီး (၉)နောက်ဆုံးကျမ်းပိုဒ်တွင်ကောက်ရိတ်သိမ်းမည့်သူများ ပိုမိုစေလွှတ် ပေးဖို့တပည့်တော်များအား ဆုတောင်းခိုင်းသည်။ ထိုဆုတောင်းချက်အတိုင်း ယုံကြည်သူများကိုယ်တိုင် သွားချင်ကြပုံရသည်။ ထို့ကြောင့် သခင်ယေရှုက တပည့်တော်တဆယ့်နှစ်ယောက်သာ ရွေးချယ်လိုက် သည်။ သခင်ဘုရားက ယုံကြည်သူအားလုံးကို ခေါ်ပါသည်။ ထိုယုံကြညည်သူများထံမှ ဣသရေလလူများ ထံသို့ သာသနာပြုဖို့ လူများကို သီးသန့်ရွေကောက်သည်။ ထိုသူများသည် လူထုပရိသတ်ထံသို့သွား၍ အနာရောဂါကင်းငြိမ်းပေးသည်။ နတ်ဆိုးများ၊...

  • ရှင်မဿဲခရစ်ဝင် ၁၁

    ၇။ ဆန့်ကျင်သူများလာခြင်း (အခန်း ၁၁၊၁၂) (က) ဗတ္တိဇံယောဟန် ထောင်ကျခြင်း (၁၀-၁၉) ၁၁:၁ တပည့်တော်တဆယ့်နှစ်ပါးအား ဣသရေလလူနေအိမ်များ စေလွှတ်ပြီးနောက် သခင်ယေရှုသည် ဂါလိလဲနယ်ရှိမြို့သို့ သွန်သင်ဟောပြောရန်ကြွသွားသည်။ ၁၁:၂-၃ ထိုအချိန်ကာလတွင် ဗတ္တိဇံယောဟန်သည် ဟေရုဒ်က ထောင်ချထားသဖြင့် အထီးကျန်အားငယ်နေသည်။ အကယ်၍ သခင်ယေရှုသည် မေရှိယ အမှန်ဖြစ်လျှင် ရှေ့တော်ပြေးကို အဘယ်ကြောင့် မကယ်တင်သနည်းဟူသော ပြဿနာကြောင့် လူထုပရိသတ်အပေါင်းကလည်း...