Category: တရားဟောရာကျမ်း

  • တရားဟောရာကျမ်း ၂၁

    (တ) အထွေထွေပညတ်ချက်များ (အခန်း ၂၁–၂၅) (၁) လက်သည်မပေါ်သောလူသတ်မှုပြဿနာ (၂၁:၁–၉)           ၂၁:၁–၉ လူသေအလောင်းတွေ့ရှိ၍ လူသတ်တရားခံရှာမတွေ့လျှင် အနီးစပ်ဆုံးရှိ လူကြီးသူမများသည် သူတို့တရားခံမဟုတ်ကြောင်း ဘုရားသခင်ရှေ့၌ ဝန်ခံယဇ်ပူဇော်ရသည်။ နွားဒန်းတစ်ကောင်ကို ရေစီးသော စမ်းချောင်းနားတွင် ယဇ်ပူဇော်ရသည်။ ထိုနွားမအပေါ်သို့ စမ်းချောင်းရေဖြင့် လက်ဆေးကြသည်။ သူတို့ရပ်ရွာတွင် တာဝန်မရှိကြောင်းနှင့် ထိုသို့သွေးမြေခခြင်းသည် မိမိတို့နှင့်မဆိုင်ကြောင်း ဝန်ခံပြန်သည်။ ထိုရပ်ရွာသည် အပြစ်ဒုစရိုက်နှင့်...

  • တရားဟောရာကျမ်း ၂၂

    (၆) အမူအယာပညတ်ချက်ကိုးပါး (၂၂:၁–၁၂)           ၂၂:၁–၃ အခန်းကြီး ၂၂သည် ဝတ် ၁၉:၁၈ပါ “သင်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသော ပညတ်ချက်အား ထပ်မံရှင်းပြသည်။ သင့်ရန်သူနှင့်ဆိုင်သောပစ္စည်းများကို ပိုင်ရှင်ထပ်မံရှင်းပြသည်။ သင့်ရန်သူနှင့်ဆိုင်သောပစ္စည်းများကို ပိုင်ရှင်ထံသို့ပြန်ပေးပါ (ထွ ၂၃:၄-၅)ဟု ဆိုသည်။ အိမ်နီးနားခြင်းများ၏ ပျောက်ဆုံးသောပစ္စည်းများ တွေ့ရှိကောက်ရလျှင်လည်း မနှေးအမြန်ပြန်ပေးရသည်။ တိရစ္ဆာန်ဖြစ်စေ၊ အဝတ်အစားဖြစ်စေ၊ တစ်စုံတစ်ခုဖြစ်စေ၊ သိမ်းဆည်းကောက်မိလျှင် ပိုင်ရှင်မပေါ်မခြင်း၊...

  • တရားဟောရာကျမ်း ၂၃

    (၈) ကိုယ်လက်အင်္ဂါမစုံသူများ ဝတ်ပြုမတက်ရ (၂၃:၁–၈)           ၂၃:၁–၈ သာမန်အားဖြင့် လူတိုင်းသည် ဘုရားသခင်ရှေ့တော်သို့ ဝင်ရောက်ခစားခွင့်ရှိကြသော်လည်း ပိတ်ပင်တားမြစ်သူများရှိသည်။ (၁)ယောက်ျားအင်္ဂါအရည်ချင်းမပြည့်စုံသူများ (၂)ကိုယ်လက်အင်္ဂါမစုံလင်သူများ ဥပမာ။ ။မွေးရာပါချို့တဲ့သူများ၁၅ (၃)အမ္မုန်နှင့်မောဘလူများ၊ (၄)ဧဒုံနှင့်အဲဂုတ္တုလူများ။ အပိုဒ်ငယ်(၄)တွင် မောဘလူမျိုးများသည် ဣသရေလများ ခရီးပန်းခိုက် ထမင်းတစ်လုပ်ရေတစ်မှုတ်မပေးချင်ကြဟုဆိုသည်။ တရား ၂:၂၉ တွင်မူ မောဘလူများက ဣသရေလလူများသို့ ထမင်းတစ်ထုပ်ရောင်းခွင့်ပြုသည်။ သို့သော် အမှန်တကယ်...