Category: ဒေသနာကျမ်း

  • ဒေသနာကျမ်း ၉

    (ဂ) နေရောင်ခြည်အောက်မှာ ပျော်ရွှင်သောဘဝ (အခန်း၉) ၉:၁ “အထက်အမှုအရာအလုံးစုံကိုဆင်ခြင်ရသည်ကား”ဆိုသည်မှာယခင်ဖော်ပြသောအချက်အလက်များကိုအကောင်းမြင်ဝါဒဖြင့်ကြည့်ရှုခြင်း ဖြစ်သည်။ ပညာရှိ၊လူကောင်းနှင့်လူတို့လုပ်ရပ်များသည် ဘုရားသခင်၏ လက်တော်ထက်၌ရှိသည်။ သို့သော်လည်းချစ်တော်မူသည်သို့မဟုတ် မုန်း တော်မူသည်ကိုအဘယ်သူမျှမသိရှိနိုင်။ အနာဂတ်ကာလကိုမည်သူမျှမသိ နိုင်။ မမှန်းဆနိုင်။ မည်သို့ဖြစ်လာမည်ကိုမသိကြ။ ၉:၂ ဖြောင့်မတ်သူနှင့်အဓမ္မလူဖြစ်စေ၊လူကောင်းနှင့်လူဆိုးဖြစ်စေ၊စင်ကြယ်သူနှင့်မစင်ကြယ်သူဖြစ်စေ၊ယုံကြည်ကိုးကွယ်သူဖြစ်စေ၊မယုံကြည်သူဖြစ်စေ၊နောက်ဆုံးသွားသည့်လမ်းဆုံးသည်အတူတူဖြစ်သည်။ သင်္ချိုင်း ကုန်းဖြစ်သည်။ သို့ကြောင့်ဖြောင့်မတ်သူလည်းအဓမ္မလူအပေါ်အသာရစရာ အကြောင်းမရှိ။ ကျမ်းသစ္စာကျိန်ဆို၍မိမိကိုယ်ကိုအပ်နှံသူဖြစ်စေ၊မအပ်နှံသူ ဖြစ်စေ၊ထူးခြားမှုမရှိ။ အတူတူနှင့်အနူနူသာဖြစ်သည်။ ကျမ်းကျိန်သူသည် လည်းကျမ်းမကျိန်သူအပေါ်မြတ်ခြင်းမရှိ။ ၉:၃ လူ့ဘဝ၏ကံကြမ္မာဆိုး၏ပုံကိုရှင်းပြထားသည်။...

  • ဒေသနာကျမ်း ၁၀

    (ဃ)နေရောင်ခြည်အောက်မှပညာရှိနှင့်လူမိုက်(အခန်း၁၀) ၁၀:၁ ယင်ကောင်များကြောင့်နံ့သာရေမွှေးပျက်စီးနိုင်သည်။ အဘယ် ကြောင့်ဆိုသော်ယင်ကောင်များသည်အပုပ်အနံ့များကိုသာမှီတွယ်၍သယ် ဆောင်ကြသည်။ ထိုကဲ့သို့ပင်လူ့အကျင့်စရိုက်များသည်လည်းဖြစ်တတ် သည်။ ပညာရှိသုခမိန်သည်လည်းနမော်နမဲ့အပြုအမူလေးတစ်ခုကြောင့်ဂုဏ် သိက္ခာထိခိုက်တတ်သည်။ အကြိုက်ဆယ်ခါလိုက်လည်း မလိုက်တခါရှိခဲ့ပါ မူကြီးစွာရန်သူမှတ်တတ်ကြသည်။ အောင်မြင်မှုတစ်ရာထက်ရှုံးပွဲတစ်ပွဲကို မှတ်လွယ်ကြသည်။ လူရှေ့သူရှေ့တွင်စကားအမှား(၃)ခွန်းပြောမိခြင်း ကြောင့်ဘဝတသက်လုံးအထင်မှားစရာဖြစ်သွားနိုင်သည်။ ၁၀:၂ လူ့သဘောသဘာဝအယူအဆအရလက်ရာသည်မှန်ကန်ခြင်း၊ ခိုင်မာခြင်း၊ယုံကြည်ခြင်းဖြစ်သည်။ လက်ဝဲဘက်သည် ဆန့်ကျင်ပုန်ကန် ခြင်း၊ အဖျက်အမှောက်သဘောဆန်သည်။ပညာရှိသူသည်အကောင်းအမြင် ဆောက်တည်ရာအသွင်လက္ခဏာရှိ၍လူမိုက်သည်ငြီးငွေ့ဖွယ်ရာစိတ်ပျက် ဖွယ်ရာအဖျက်အမှောက်ကိုသာစဉ်းစားရှေးရှုသည်။ ၁၀:၃ လူမိုက်သည်မည်သည့်အခြေအနေအချိန်အခါတွင်မဆို သူသည် မသိနားမလည်သူ၊အရည်အချင်းမရှိသူဖြစ်ကြောင်း၊...

  • ဒေသနာကျမ်း ၁၁

    (င) နေရောင်ခြည်အောက်မှာ မြတ်သောအမှုပွားများခြင်း (၁၁:၁-   ၁၂၈) ၁၁:၁ မုန့်ဆိုသည်မှာ ဂျုံမှုန့်မှ ပြုလုပ်သော အစာကို ဆိုလိုသည်။ ထိုမုန့်ကို ဖဲ့၍ ရေပေါ်မှာ ပစ်ချကြည့်ပါ။ ဆိုလိုသည်မှာ ဂျုံမျိုးစေ့ကို စိုက်ပျိုးခြင်းကို ဆိုလိုသည် သို့မဟုတ် ပင်လယ်ရပ်ဝေးသို့ သယ်ဆောင် ခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ အကျိုးအမြတ်ပြန်လည်ရရှိမည့်အ ကြောင်းကို ဖော်ညွန်းသည်။ ဤကျမ်းပိုဒ်သည် ဧဝံဂေလိတရားစစ်ဖြစ်သည်။...