ယောဘဝတ္ထု ၃
၂။ ယောဘနှင့်မိတ်ဆွေများစကားဖောင်ဖွဲ့ခြင်(အခန်း၃-၃၁) အခန်း(၃)သည် ယောဘနှင့်သူ့မိတ်ဆွေများ အချေအတင်စကားဖောင်ဖွဲ့လက်ဆုံကျခြင်းဖြစ်သည်။ အကြီးမားဆုံးနှင့်အကျယ်ပြန့်ဆုံးဖြစ်သည်။ကျမ်းစာ၏အနှစ်သာရဖြစ်သည်။ထိုအကြောင်းကို Ridout ကဤသို့ဆိုသည် အမေဘုတ်၏ချည်ခင်ထုတ်စကားဖြစ်သည်။ကန့်ကွက်ချက် အပြစ်တင်ချက် စွပ်စွဲချက် သံသယများ တွေ့မြင်ရသကဲ့သို့ ဓမ္မယူဆ မျှော်လင့်ချက်ရောင်ခြည်နှင့် ယုံကြည်ခြင်းသစ္စာများရောထွေးရှက်တင်သည်။ စကားလုံးများသည် အရှေ့တိုင်းသားများ ထုံးစံအတိုင်း ဥပမာ ဥပမေယျ တင်စားချက်များနှင့်ရောပြွမ်းထုံသင်းသည်။ စာရှုသူများအတွက် တိုက်ရိုက်မပတ်သတ်သော်လည်း သင်ခန်းစာရယူစရာများစွာရှိပါသည်။ယုံကြည်သူခရစ်ယာန်များအနေဖြင့် ဘုရားသခင်အား အစဉ်ဝန်ခံမည့် သင်ခန်းစာရရှိမည်ဖြစ်ပါသည်။ ကိုးကားထိုက်သောကျမ်းချက်ဖြစ်ပါသည်။၇ ဤတွေ့ဆုံခန်းကို...