ယောဘဝတ္ထု ၆
၃။ ယောဘ၏တုန့်ပြန်စကား (အခန်း ၆၊၇) ၆:၁-၁၃ ယောဘက သူ့စကားလွန်ကြောင်း ဝန်ခံသည်။ သို့သော် အကျိုးအကြောင်းခိုင်လုံသည်။ သူ့ခံစားရသော ဆင်းရဲဒုက္ခသည် သောင်ပြင်ထက် ကြီးလေးသည်။ တန်ခိုးတော်ဖြင့်ပစ်သော မြှားဆိပ်တို့သည် တစ်ကိုယ်လုံးတွင် ပျံ့နှံ့သည်။ အမင်္ဂလာ ပေါင်းစုံ ကျရောက်သည် မှတ်သော်လည်း ယောဘသည် ထိုဒုက္ခသံသရာထဲမှ မင်္ဂလာစကားများကိုစာဖတ်ပရိတ်သတ်ထံသို့ ပို့ပေးနိုင်သည်။ အကျိုးအကြောင်းမခိုင်လုံဘဲ လျှာရှည်လေဖောခြင်းမဟုတ် အကောင်းမမြင်သဖြင် မြည်တွန်တောက်တီးခြင်း...