Category: ရာဇဝင်ချုပ်ပထမစောင်
-
(ဃ)ဒါဝိဒ်၏အော်နိုင်မှုများ (အခန်း ၁၈–၂၀) ပဋိညာဉ်သေတ္တာတော်အား ယေရုရှလင်သို့ မပင့်ဆောင်မီအကြောင်းကို အခန်း၁၃-၁၇ တွင်း ရှင်းပြပြီး ဒါဝိဒ်မင်းနန်းစံပြီး နောက် သမိုင်းဖြစ်စဉ်များကို အခန်း၁၈-၂၀ တွင်မှတ်တမ်း တင်ထားပါသည်။ ဣသရေလတိုင်းပြည် မထူထောင်မီ သူတလူငါတမင်း ပုန်ကန်သောင်းကျန်းခဲ့ကြသော အိမ်နီးချင်းနိုင်ငံများသည် ဘုရားသခင်စီရင်ခန့်အပ်ထားသော ဒါဝိဒ်မင်းနန်းစံချိန်မှစ၍ ငြိမ်ဝပ်ပိပြားကြသည်။ နာခံခြင်းမရှိ၊ ကလန်ကဆန်ပြုခဲသူများသည် ခေါင်းငုံ့လျက် ဒါဝိဒ်မင်းထံ အခွန်အကောက်ဆက်သကြသည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ရာဇဝင်ချုပ်ပထမစောင်
-
၁၉:၁–၄ အမ္မုန်ဘုရင် နာဟတ်သည် ရှောလုမင်းလက်ထက်တွင် ဣသရေလနိုင်ငံအား ဆန့်ကျင်တိုက်ခိုက်ခဲ့သည် (၁ရာ ၁၁ကိုကြည့်၂)။ နာဟတ်မင်းသည် ရှောလုက ဒါဝိဒ်မင်းအားနှိပ်ကွပ်စဉ် ဒါဝိဒ်ကို ကူညီစောင့်ရှောက်သူဖြစ်သည်။ နာဟတ်ကွယ်လွန်ကြောင်းသိရသော သား ဟာနုန်အား နှစ်သိမ့်အားပေးရန် ဒါဝိဒ်မင်းက သံတမန်များ စေလွှတ်သည်။ သို့သော ဟာနုန်သည် သံရေး တမန်ရေး နားမလည်သော အကြံပေးအရာရှိများ၏ အခါတော်ပေးချက်ဖြင့် ဧည့်သည်တော်များကို မဖွယ်မရာမယဉ်မကျေး ဆက်ဆံခဲ့သည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ရာဇဝင်ချုပ်ပထမစောင်
-
၂၀:၁–၂ ဒါဝိဒ်မင်းကိုယ်တိုင်သည် ယေရုရှလင်မြို့တွင် နန်းစံ၍ (၂ရာ ၁၂:၁) ဗိုလ်ချုပ် ယွာဘအား ရဗ္ဗာမြို့ကို တိုက်ခိုက်သိမ်းပိုက် စေသည်။ ထိုမြို့ ကြံ့ကြံ့ခံသဖြင့် (၂)နှစ်တိုင်တိုင် ဝိုင်းရံတိုက်ခိုက်ကြသည်။ ထိုကာလတွင် ဒါဝိဒ်သည် သူ၏ စစ်သူရဲကောင်းသုံးကျိပ်စာရင်းဝင် ဥရိယ၏ မယားဗာသရှေဘအား မတရားကျင့်သည်။ ၂ရာ ၁၂တွင် ဒါဝိဒ်မင်း၏ ထိုအပြစ်နောင်တရပုံ ရှင်းပြသော်လည်း ဤကျမ်းတွင်မူ အပြစ်ဒုစရိုက်အကြောင်း ချန်လှပ်ထားသည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ရာဇဝင်ချုပ်ပထမစောင်