ရုသဝတ္ထု နိဒါန်း
နိဒါန်း ရုသဝတ္ထု စာအုပ်ငယ်သည် ”တရားသူကြီးမှတ်စု” ကျမ်းစာအုပ် နောက်ဆက်တွဲ ဖြစ်သည် ကျမ်းပိုဒ်ပေါင်း(၈၅)ခု သာရှိသော်လည်း နှင်းဆီပန်း ရုံတောဖြစ်သည်။ မွှေးရနံ့ပေါင်းစုံ သင်းပျံ့သည်။ ငွေကြယ်စင်များ ဝန်းရံထားသည်။ ယော်ဒန်မြစ်ကမ်းပါးရှိ ဣသရေလနှင့် မောဘပြည်များသို့ ခရီးသွားသူတိုင်း ထိုနှင်းဆီးပန်းရုံတောနှင့် ကြယ်စင်ခသော ညဉ့်ယံကို ပြန်လည်မြင်ယောင် ကြပေမည်။ တိုင်းရပ်ဌာနေ ကျဉ်းမြောင်း၍ အချိန်ကာလ တိုတောင်းသော်လည်း သမိုင်းခြေရာထင်နေဆဲ။...