Category: ဟေရှာယအနာဂတ္တိကျမ်း

  • ဟေရှာယအနာဂတ္တိကျမ်း ၅၁

    ၃။ ဖြောင့်မတ်သောသခင်မေရှိယရှင် (၅၁:၁-၅၂:၁၂) ၅၁:၁-၃ ဘုရားသခင်ကိုရှာဖွေသောဣသရေလတိုင်းဘုရားသခင်က ကျောက်ဆောင်(မက်ဆိုပိုတေးယား)မှခေါ်ဆောင်လာပုံကိုမှတ်မိကြပေမည်။  အာဗြဟံ-စာရာတို့အားရင်းနှီးစွာဆက်ဆံ၍ကျေးဇူးပြုခဲ့ပုံကိုသတိရကြပေ မည်။ ကြွယ်ဝချမ်းသာပေးခဲ့ပုံကိုမေ့နိုင်ကြမည်မဟုတ်။ ဇိအုန်တောင်ကိုသစ္စာ ထား၍ကတိတော်ပြုခဲ့ပုံကိုစွဲမှတ်နေကြမည်။ နားထောင်ပါဟုသုံးကြိမ်တိုင်တိုင် ခေါ်သည်ကိုသတိပြုပါ(ငယ်၁၊၄၊၇)။ (၅၁:၇-၁၇၊၅၂:၁)သည်။ သုံးကြိမ်သုံးခါ တိုင်တိုင်နှိုးထခိုင်းသည်ကိုသတိပြုပါ။ ၅၁:၄-၆ အနှစ်တစ်ထောင်နိုင်ငံတော်ကာလတွင်မေရှိယသခင်သည် ဣသရေလများကဲ့သို့တပါးအမျိုးသားများကိုလည်းတန်းတူသဘောထားအုပ် စိုးတော်မူသည်။ နိုင်ငံတော်အဆုံးသတ်သောအခါကောင်းကင်နှင့်မြေကြီးသည် လည်းပျောက်ဆုံးသွားမည်။ မယုံကြည်သူအားလုံးပျောက်လွင့်ကုန်မည်။ ယုံ ကြည်သူဘုရားသခင်၏လူများသာလျှင်ထာဝရကာလပတ်လုံးလုံခြုံရာရသွား ကြမည်။ ၅၁:၇-၈ ဘေးဒဏ်ကြီးကာလလူသားများပေါ်သို့ဘုရားသခင်၏အမျက် ဒေါသကျရောက်သောအခါရွေးနှုတ်ထားသောလူနည်းစုသည်စိုးရိမ်ပူပန်ခြင်းမ ရှိရ။...

  • ဟေရှာယအနာဂတ္တိကျမ်း ၅၂

    ၅၂:၁-၂ ဇိအုန်တောင်ကိုနိုးလော့၊နိုးလော့ ဟုထပ်မံလှုပ်နိုးပြန်ပြီ။ ဖမ်းဆီးချုပ် နှောင်ခြင်းတွင်အိပ်ပျော်နေရာမှထလော့၊တင့်တယ်သောအဝတ်တန်ဆာကို ဝတ်ဆင်လော့။ နောက်တဖန်သူတပါးရက်စက်အနိုင်ကျင့်ခြင်းမခံရ။ ရှေ့ကိုသာ မျှော်ကြည့်လော့။ ဘုန်းတန်ခိုးဖြင့်ထွန်းတောက်လာမည့်နိုင်ငံတော်ကိုသာရည်စူးလော့။ ထိုနိုင်ငံတော်သာလျှင်သစ္စာတရားဖြစ်သည်။ ၅၂:၃-၆ ဣသရေလကိုကျွန်အဖြစ်နောက်တဖန်ရောင်းစားခြင်းမရှိရ။ အ ဖိုးစားနားမပါဘဲပြန်လည်ရွေးနှုတ်ခြင်းမကြုံရ။ ဣသရေလတို့သည်ပထမဦး စွာအဲဂုတ္တုပြည်သို့လူစိမ်းသူစိမ်းသဖွယ်ရောက်ခဲ့သည်။ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်။ နောက်အာရှုရိတို့၏ဖိနှိပ်မှုအောက်ရောက်ရပြန်သည်။ သို့သော်ဘာ သာရေးကိစ္စကြောင့်မဟုတ်။ ယခုတဖန်အခကြေးငွေတစ်ပြားတစ်ချက်မှမရဘဲ  ဖိစီးနှိပ်စက်မှုခံနေကြရပြန်သည်။ ဘုရားသခင်၏နာမတော်ကိုလည်းကဲ့ရဲ့ကြ  သည်။ သို့သော်တွေးပူခြင်းမရှိရ။ ဘုရားသခင်သည်ခွန်အားကြီးသောသူဖြစ် ကြောင်းကိုယ်တော်တိုင်ထုတ်ဖော်ပြသမည်။ ထိုသို့ဖြင့်ဘုရားသခင်သည်ကတိ...

  • ဟေရှာယအနာဂတ္တိကျမ်း ၅၃

    ၅၃:၁ နောင်တရ၍ ကျန်ကြွင်းသော ဣသရေလ လူနည်းစုက မေရှိယသခင် ပထမကြွလာမည့်အကြောင်း သတင်းစကား ဟောပြောကြသော် လည်း လူများစု က အယုံအကြည်မရှိကြ။  ထို့ကြောင့် လည်း ဘုရားသခင်၏ ကယ်တင်ခြင်းတန်ခိုးကိုလည်းလူများက မမြင်မတွေ့ရကြ။ ၅၃:၂ ယေရှုခရစ်တော်သည် ​ယေဟောဝါဘုရားသခင်အဖြစ် လောက ဒုစရိုက်သားများအလယ် တွင် အပင်ပေါက်၊ အညွန့်သဖွယ် ငွားငွားစွင့်စွင့် ပေါက်လာသည့် ခြောက်သွေ့သောမြေပေါ်မှာပေါက်သောအညွန့်ဖြစ်သည်။  ဣသရေလသည်...