ဧဇရမှတ်စာ ၃
(ဃ) ယဇ်ပလ္လင်တည်ဆောက်ခြင်း၊ ဗိမာန်တော် ပန္နက်ချခြင်း (အခန်း ၃) ၃:၁–၇ သတ္တမမြောက်လ၌ ပြည်တွင်းစစ်အခိုး စစ်ငွေ့သန်းလာသော်လည်း ယုဒလူများသည် ယေရုရှလင်တွင် စုရုံးလျက် တဲတော်ပွဲဆင်ယင်ကျင်းပကြသည်။ ယောရှု (Jeshua ) နှင့် ယေရုဗာဗေလတို့၏ ဦးဆောင်မှုဖြင့် ယဇ်ပလ္လင်တည်ဆောက်၍ မောရှေတရားတော်အတိုင်း မီးရှို့ပူဇော်သက္ကာပြုကြသည်။ ရန်သူ့လက်မှ ကယ်နှုတ်သော ယေဟောဝါဘုရားသခင်အား ချီးမွမ်းပူဇော်ကြသည်။ ကုရုမင်းနှင့် စိတုန်မင်းတို့၏ အကူအညီယူ၍...