ဟေရှာယအနာဂတ္တိကျမ်း ၄၉
(ခ)ဣသရေလများကမေရှိယသခင်ငြင်းပယ်ကြခြင်း(အခန်း၄၉-၅၇) ၁။ အစေခံမေရှိယသခင်(အခန်း၄၉) အခန်း၄၉-၅၃ တွင်သူ့လူများကမေရှိယသခင်ငြင်းပယ်ကြသည့်အ ကြောင်းပြောထားသည်။ ဤသင်ခန်းစာသည်ယေဟောဝါဘုရားသခင်၏အစေ ခံတော်ဆင်းရဲဝေဒနာခံရသည့်အခန်းဖြစ်သည်။ ၄၉:၁-၆ အခန်းကြီး(၄၉)တွင် ဣသရေလကိုယေဟောဝါဘုရားသခင်၏ အစေခံအဖြစ်ဖော်ပြထားသည်။ အပိုဒ်ငယ်၁-၃သည်ဣသရေလလူမျိုးဟုထင် မှတ်စရာရှိသော်လည်းအမှန်စင်စစ်မှာသခင်ယေရှုဖြစ်သည်။ အပိုဒ်ငယ်(၃)တွင် ဣသရေလဟုနာမည်တပ်သော်လည်းအမှန်တကယ်မူခရစ်တော်ဖြစ်သည်။ ဘုရားသားတော်ယေရှုကိုဆိုလိုသည်။ ဣသရေလလူမျိုးမဟုတ်ပါ။ အပိုဒ်ငယ်၅-၆ တွင်ပါရှိသည့်အစေခံသည် ဣသရေလလူမျိုးနှင့်တခြားစီဖြစ်သည်။ ဣသရေလ တို့ပြန်လည်စုစည်း၊ နာလံထူကြမည့်အကြောင်းကျမ်းပိုဒ်များတွေ့ရသည်။ ပထ မဦးစွာကုရုမင်းလက်ထက်ဖြစ်သည်။ မေရှိယနိုင်ငံတော်တည်ထောင်သောအခါ စုစည်းခြင်းပြီးပြည့်စုံသွားမည်။ အစေခံဆိုသည်မှာအထံတော်သို့စုစည်းသောကမ္ဘာသူကမ္ဘာသားအားလုံး နှင့်ဆိုင်သည်။...