Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ယေဇကျေလအနာဂတ္တိကျမ်း ၇

    (ဂ)ဗာဗုလုန်တို့ အလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်အံ့ဆဲဆဲဖြစ်ခြင်း (အခန်း ၇) ၇:၁−၁၈ ဘုရားသခင်၏ စီရင်ခြင်းနေ့ရက်သည် မလွဲမသွေ ကျရောက်လာတော့မည်။ ထိုနေ့ရက်တွင် တရားစီရင်မည့်အရှင်မှာ ဘုရားသခင်ဖြစ်ကြောင်းမေးစရာလို မည်မဟုတ်ပါ (ငယ်၁−၁၃)။ ထိုနေ့ရက်၌ စစ်ချီဖို့တံပိုးခရာမှုတ်သော်လည်း အဘယ်သူမျှ စစ်မှုထမ်းဖို့မသွားကြ။ အံ့သြတုန်လှုပ်ဖွယ်ရာကပ်ဘေးဆိုးကြီးကြောင့် လူတို့၏ ရဲစွမ်းသတ္တိနှင့် ခွန်အားလည်းယုတ်လျော့ ကုန်ခန်းမည်(ငယ်၁၄−၁၈)။ ၇:၁၉−၂၂ လူအသုံးအဆောင်၊ ရုပ်ဝတ္တုပစ္စည်းများ သုံးစားစရာမရှိ။ အချည်းနှီးဖြစ်ကုန်မည် (ငယ်၁၉)။...

  • ယေဇကျေလအနာဂတ္တိကျမ်း ၈

    (ဃ) ဗိမာန်တော်ထဲ၌ ရွံရှာဘွယ်ရာရုပ်တုကိုးကွယ်မှု ရူပါရုံ (အခန်း၈)           ၈:၁−၆ သက်ကြီးသူများက ကူညီမစခြင်းမရှိ၊ မျက်နှာလွဲခဲ့ကြသောကြောင့် တရားစီရင်ခြင်းခံထိုက်ကြောင်းကို သက်သေခံကြမည်။ ဤအဖြစ်သနစ်မျိုးကို ယနေ့ကာလ၌လည်း မကြာခဏ ကြုံတွေ့ရသည်။ ဘုရားသခင်က ယေဇကျေလအား ဗျာဒိတ်ရူပါရုံဖြင့် ဗာဗုလုန်မှ ယေရုရှလင်သို့ခေါ်ဆောင်သွားသည်။ ရွံရှာဘွယ်ရုပ်တုဆင်းတုများအား ဝတ်ပြုကိုးကွယ်နေကြပုံကို အော့အန်ချင်စရာတွေ့ရသည်။ ဗိမာန်တော် အဝင်တံခါးနားမှာ ယုတ်ညံ့သော ရုပ်တုဆင်းတုများတည်ထားသည်ကိုမြင်တွေ့ရသည်။ ယင်းအရာတို့သည် ဘုရားသခင်၏...

  • ယေဇကျေလအနာဂတ္တိကျမ်း ၉

    (င) ဘုရားသခင်ခွဲခွါသည်နှင့် ဖျက်ဆီးမည့်ရုပ်တုဆင်းတုများ ထပ်ချမကွာ ဝင်လာခြင်း (အခန်း၉)           ၉:၁−၂ ရှေ့အခန်းတွင် ရုပ်တုဆင်းတု ကိုးကွယ်သူများ ပျက်ဆီးကြရမည့်အကြောင်း ဖော်ပြခဲ့ပြီ။ ဤအခန်းတွင် ထိုသူတို့အား သတ်ဖြတ်မည့်လူ ၆−ပါးက မြောက်ဖက်အရပ်(ဗာဗုလုန်အရပ်)မှ တင်ရောက်လာကြောင်း ပြောပြသည်။ ပိတ်အဝတ်ဆင်ထားသူသည် ကျေးဇူးတော်ကို ဆိုလိုသည်။ ၉:၃ ဘုန်းတန်ခိုးတိမ်တိုက် (ဘုရားသခင်မျက်မှောက်ရှိခြင်းလက္ခဏာ)သည် ဗိမာန်တော်တွင် စိုးစံတော်မူလျက် ရုပ်တုဆင်းတုဝါဒီများအား ပယ်ရှားမည်။...