ယေဇကျေလအနာဂတ္တိကျမ်း ၁၉
(ထ) နောက်ဆုံးယုဒဘုရင်များအတွက် မြည်တမ်းစကား ( အခန်း ၁၉) ၁၉:၁−၉ နောက်ဆုံးသော ယုဒဘုရင်များအတွက်ငိုချင်းတစ်ပုဒ် ဖြစ်သည်။ ၎င်းရည်ညွှန်းသော ဘုရင်များစာရင်းအပေါ်၌ သဘောမတူညီကြသော်လည်း အထူးသဖြင့် ယောခတ်၊ ယောယခိန်(ယေခေါနိ)နှင့် ဇေဒကိ ဖြစ်သည်။ ယုဒပြည်သည် ခြင်္သေ့များ ဖြစ်သည်။ အခြားလူမျိုးများသည် ခြင်္သေ့များဖြစ်၍ သူတို့၏ အုပ်စိုးသူ မင်းများမှာ ခြင်္သေ့ပျိုများ(ငယ်၂) ဖြစ်သည်။ (ငယ်၃)မှ ခြင်္သေ့ပျိုမှာ...