Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ယေဇကျေလအနာဂတ္တိကျမ်း ၂၈

    (၃) တုရုမင်းကျဆုံးခြင်း (၂၈:၁−၁၉) ၂၈:၁−၁၀ တုရုမင်း ဉာဏ်ပညာ၌ ထောင်လွှားမှု၊ စည်းစိမ်ချမ်းသာ၌ မောက်မာမှုကြောင်းများကိုအငယ်၁−၆တွင်၎င်း၊ ဗာဗုလုန်က ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးသည့် အ‌ေ ကြာင်းကို အငယ် ၇−၁၀၌၎င်း ဖော်ပြထားသည်။ ဤမင်းသည် အန္တိခရစ်၏ အရိပ်နိမိတ် ဖြစ်သည်မှာ ယုံမှားဖွယ်ရာမရှိပါ။ ၂၈:၁၁−၁၉ အပိုဒ်ငယ် ၁၁ တွင် တုရုမင်းသည် တုရုရှင်ဘုရင် ဖြစ်လာသည်။ ရှင်ဘုရင်သည် မင်းစိုးဝန်ရာတို့၏...

  • ယေဇကျေလအနာဂတ္တိကျမ်း ၂၉

    (ဆ) အဲဂုတ္တုပြည် (အခန်း ၂၉−၃၂) သတ္တမမြောက်နှင့် နောက်ဆုံးတရားစီရင်ခြင်းမှာ အဲဂုတ္တုပြည် ဖြစ်သည်။ အထောက်အညှာလုံးဝမရှိသည်။ တရားစီရင်ခြင်းဖြစ်ဟန်တူသည်။ နိုင်းမြစ်မရှိသောအခါ အဲဂုတ္တုပြည်တစ်ပြည်လုံး ပျက်စီးသွားမည်။ အချို့က အခြားလူမျိုးက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခြင်း ဖြစ်မည်ဟုဆိုသည်။ ထိုကဲ့သို့မဟုတ်ပါ။ အဲဂုတ္တုပြည်သည် မရဏာပြည် ဖြစ်လိမ့်မည်။ လူသေစာရင်းရေးရာတွင် အထင်ရှားဆုံး စာအုပ်ဖြစ်မည်။ အထင်ရှားဆုံးအထိမ်းအမှတ်မှာ ပိရမစ်သင်္ချိုင်းဂူကြီးများ ဖြစ်၏။ ထိုအရပ်ဒေသရှိရှင်ဘုရင်များသည် သေးငယ်သည့် စံနန်းကိုတည်ထောင်ကြသော်လည်း...

  • ယေဇကျေလအနာဂတ္တိကျမ်း ၃၀

    (၂) အဲဂုတ္တုကျဆုံးမှုအတွက်ငိုချင်း (၃၀:၁−၁၉) ၃၀:၁−၁၂ ဗာဗုလုန် ဓါး(စစ်ပြုခြင်း)ဖြင့် အဲဂုတ္တုပြည်နှင့် အပေါင်းပါ အဲသယောပိ၊ လိဗု၊ လုဒိ ပြည်သားများလည်း ပြိုလဲပျက်သုဉ်းကြမည် (ငယ်၁−၉)။ ဗာဗုလုန်ရှင်ဘုရင် နေဗုခပ်နေဇာမင်းက ထိုဒေသတစ်ခုလုံး တိုက်ခိုက်ဖျက်ဆီးမည်(ငယ်၁၀−၁၂)။ ၃၀:၁၃−၁၉ အဲဂုတ္တုပြည်ကို ဦးစီးခေါင်းဆောင်ခဲ့သော မြို့ပြနိုင်ငံများသည် ရုပ်တုဆင်းတု ကိုးကွယ်မှုကြောင့် ပြိုလဲပျက်စီးမည်။ နောဖ (Noph-Memphis)၊ ပါသရု (Pathros=အဲဂုတ္တုတောင်ဘက်အထက်ပိုင်း၌ရှိ)၊ ဇောနမြို့ (Zoan=tanis)၊...