မာလခိအနာဂတ္တိကျမ်း ၃
(စ) စကားညှပ်–တရားစီရင်ရန် မေရှိယကြွလာမည့်အကြောင်း (၃:၁–၆) ၃:၁ အထက်ကျမ်းပိုဒ်မှ ပမာမခန့်ပြု စိန်ခေါ်စကားကို ဤကျမ်းပိုဒ်၌ ဘုရားက ငါ၏စေတမန်ကို စေလွှတ်မည်ဟု ပြန်လည်ဖြေကြားကတိပေးထားသည်။ ထိုစကားအားဖြင့် ဗတ္တိဇံယောဟန်က ပေါ်ထွန်းလာသည့် အခါဗျာဒိတ်တော် တစိတ်တပိုင်းပြည့်စုံလိမ့်မည်။ ထိုပရောဖက်ဧလိယ(၄:၅)သည် သူတို့တောင့်တမျှော်လင့် နေသော သခင်(ဝါ)ပဋိညာဉ်တမန် ကြွလာမည့်လမ်းကို ပြင်ဆင်ဖို့ အမှန်တကယ်ရောက်ရှိလာသည့်အခါ ဗျာဒိတ် တော်လည်း အပြည့်အဝ ပြည့်စုံလာပေသည်။...