ရှင်မာကုခရစ်ဝင် ၁
၁။ အစေတော်ခံ၏ ပြင်ဆင်ချက် (၁:၁-၁၃) (က) ရှေ့တော်ပြေးကလမ်းရှင်းပေးခြင်း (၁:၁-၈) ၁:၁ ရှင်မာကုခရစ်ဝင်ကျမ်း၏ အဓိကရည်ရွယ်ချက်မှာ ဘုရားသားတော်၊ ယေရှုခရစ်တော် ၏ သတင်းကောင်းအကြောင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှု၏ မျိုးရိုးစဉ်ဆက်အ ကြောင်းဖော်ပြခြင်းမပြုဘဲ၊ လူထုအကြားတွင် ကယ်တင်ရှင်အဖြစ်အမှုတော်ထမ်းဆောင်ခြင်းဖြင့် အစပြု သည်။ ထိုသို့ပေါ်ထွန်းသည်အကြောင်း မင်္ဂလာသတင်းကောင်းကို ဗတ္တိဇံယောဟန်က ကျေညာမောင်းခတ် ထားပါသည်။ ၁:၂-၃ မာလခိနှင့် ဟေရှာယ...