ရှင်မာကုခရစ်ဝင် ၁၀
(ဆ) လက်ထပ်ထိမ်းမြားခြင်းနှင့် ကွာရှင်းပြတ်စဲခြင်း (၁၀:၁-၁၂) ၁၀:၁ ကိုယ်တော်ဘုရားသည် ဂါလိလဲမှ ခရီးဆက်ထွက်သည်။ ပေရိယ တွင် အမှုတော်ပြုခြင်း ကို ၁၀:၄၅တွင် ဆက်လက်ဖော်ပြသည်။ ၁၀:၁၂ ဖာရိရှဲများက ကိုယ်တော်ဘုရားအား ဝံပုလွေအုပ်အမဲလိုက်သကဲ့သို့ အသက်ကို ရန်ရှာကြသည်။ ထို့ကြောင့် ထောင်ချောက်ဆင်ကြသည်။ လင်မယားကွာရှင်းခြင်းသည် တရားဝင်ပါသ လားဟု မေးကြသည်။ ကိုယ်တော်က ရှေးပညတ်ကျမ်းကို တောက်ပြပြီး မောရှေကမည်သို့...