ရှင်လုကာခရစ်ဝင် ၂
(ဆ) လူသားတော်သွားခြင်း (၂:၁-၇) ၂:၁-၃ ဩဂုတ္တုကဲသာဘုရင်သည် နိုင်ငံတော်အဝန်းရှိ လူသူအားလုံးအား သန်းခေါင်စာရင်း ေကာက်ယူခိုင်းသည်။ ထိုအမိန့်သည် ရှုရိပြည်တွင် ကုရေနိအုပ်စိုးစဉ် ပထမဆုံးအကြိမ်ကောက်ခံခြင်း ဖြစ်သည်။ ကုရေနိမင်းလက်ထက် ဟုတ်မှန်ကြောင်း၊ နှစ်ပေါင်းများစွာ ဆန်းစစ်ပြီးမှ ရှင်လုကာက ရေးသား ခြင်းဖြစ်သည်။ နောင်တွင် ရှေးဟောင်းသူတေသန အဖွဲ့များက အတည်ပြုကြသည်။ အဲဂုတ္ထုဘုရင်ကဲသာ က ဂရိရောမလူမျိုးများအပေါ်၌ ဘုန်းတန်ခိုး ဩဇာကြီးမားပုံ...