ရှင်လုကာခရစ်ဝင် ၈
(ဇ) ကိုယ်တော်နှင့် လိုက်ပါကြသောအမျိုးသမီးများ (၈:၁-၃) ၈:၁-၃ ဤကျမ်းချက်သည် ဧဝံဂေလိအမှုတော်ဆောင်ရာတွင် သင်ခန်းစာကောင်းဖြစ်သည်။ အချို့က အမှုမဲ့အမှတ်မဲ့သဘောထားကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ဤကျမ်းချက်ကို ရွေးကောက်ဖော်ပြခြင်းဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် တပည့်တော်များနှင့် အတူ ဂါလိလပြည်မြို့ ရွာအနှံ့တိုင်းခန်းလှည့်လည် တရားဟောကြားရာတွင် နှုတ်ဖြင့် လိုက်လံဟောကြားရုံမျှဖြင့် လုပ်ငန်းမလုံ လောက်။ အုပ်ချုပ်မှုကိစ္စရပ်ဆိုင်ရာ အစားအသောက်နှင့် နေရာ ထိုင်ခင်းလည်း မရှိမဖြစ် လိုအပ်သည်။...