Category: ဓမ္မသစ်ကျမ်း

ဓမ္မသစ်ကျမ်း

  • ရောမသြဝါဒစာ ၁

    ၁။ ယုံကြည်ချက် ဘုရားသခင်၏သတင်းကောင်း (အခန်း၁–၈) (က) သတင်းကောင်းမိတ်ဆက် (၁:၁–၁၅)             ၁:၁ ဒမာသက်လမ်းတွင် ဘုရားရှင်ကသီးသန့်ခေါ်ယူခြင်းကို အကြောင်းပြု၍ ပေါလုသည်သူ့ကိုယ်သူအား ဘုရားသခင်၏ငယ်ကျွန်အဖြစ်ခံယူသည်။ တပါးအမျိုးသားများထံသို့ ဧဝံဂေလိဟောပြောရန် (တ၉:၁၅၊၁၃:၁၂) သီးသန့်ခေါ်ယူခြင်းဖြစ်သည်ဟု ခံယူသည်။ ထိုကဲ့သို့ပင် ယနေ့ယုံကြည်သူများသည်လည်း ရောက်လေရာအရပ်မှာ ဧဝံဂေလိသတင်းဟောကြားရန် အသွေးတော်ဖြင့် သန့်သန့်လေးရွေးဝယ်သူများဖြစ်သည်။ ၁:၂ ဧဝံဂေလိသတင်းစကားသည် ယုဒပရိတ်သတ်များအတွက် အသစ်အဆန်းဖြစ်သည်။ ရှေးပရောဖတ်များ၏...

  • ရောမသြဝါဒစာ ၂

    ၂:၁     ယခုဒုတိယတန်းစားများအကြောင်း ပြောထားသည်။ ထိုသူများသည် မိမိကိုယ်ကို သူများထက် နှာတစ်ဖျားသာသည်ဟု ဘဝင်မြင့်နေသူများ ဖြစ်သည်။ ရုပ်တုဆင်းတုကိုးကွယ်သူများ၏ ယဉ်ကျေးမှု နိမ့်ကျခြင်း အပြုအမူရိုင်းစိုင်းခြင်းများကို မထေမဲ့မြင်ပြုတတ် ကြသည်။ ထိုစိတ်သဘော ထားရှိသူများသည် သူတို့အထင်သေးသော အဖွဲ့အစည်းနှင့် ထူးမခြားနားပါ။ အပြစ်ရှိသောသူများသည် တခြားသူများ၏အပြစ်ကို သူတို့အပြစ်ထက်ဆိုးကြောင်း မြင်တတ်ကြသည်။ မိမိအပြစ်များကို မမြင်ချင်ယောင်ဆောင်ကာ ဖုံးဖိထားတတ်ကြသည်။ အမှားအမှန်ဝေဖန်ပိုင်းခြား သိမြင်ခြင်းမပြုနိုင်ဘဲနှင့် အခြားသူများကို...

  • ရောမသြဝါဒစာ ၃

    ၃:၁    အခန်းငယ်၁မှ ၈ထိတိုင်အောင် ယုဒများ၏ အပြစ်အမိုက်ကို ဆက်လက်ထုတ်ဖော်ထားသည်။ ယုဒလူမျိုးများ၏ အမူအကျင့် ထော်လော်ကန့်လန့်ဖြစ်ပုံကို ဖော်ထုတ်ပြလိုက်သည်။ မေး။     အကယ်၍ အခန်း ၂:၁၇-၁၉ ကျမ်းချက်များသည် မှန်ကန်သည်ဆိုလျှင် ယုဒလူမျိုး၏ အရေဖျားလှီးခြင်းသည် မည်သည့်အကျိုးကျေးဇူးရှိသနည်း။ ၃:၂ အဖြေ။    ယုဒလူမျိုးများသည် ဘုရားသခင်ထံမှ အခွင့်ထူးအမျိုးမျိုးရရှိသူများဖြစ်သည်။ အဓိကအချက်မှာ ဘုရားသခင်ထံတော်မှ ဗျာဒိတ်တော်ခံယူသူများ ဖြစ်သည်။ ဓမ္မဟောင်းကျမ်း မရောဖတ်ပြုချက်များသည်...