ရောမသြဝါဒစာ ၁၃
(ဃ) အုပ်စိုးသူအစိုးရနှင့် ဆက်ဆံရေး (၁၃း၁–၇) ၁၃:၁ ယုံကြည်ခြင်းဖြင့်ဖြောင့်မတ်သောအသက်တာ ရှိသူများသည်လည်း လူ့အဖွဲ့အစည်း ဆိုင်ရာ အုပ်စိုးသူမင်းများနှင့် ဆက်ဆံရေးမကင်းလွတ်ရပါ။ အုပ်စိုးသူမင်းသည် လူတိုင်းနှင့် ပတ်သက်သော်လည်း ဤနေရာတွင် ယုံကြည်သူများအားအထူးတလည် သွန်သင်ခြင်းဖြစ်သည်။ ရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီးကာလနောက်ပိုင်းတွင် ဘုရားသခင်သည်အုပ်စိုးသူမင်း စီရင် ခန့်အပ်တော်မူသည်။ ”အကြင်သူသည်လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်” (က၉:၆)ဟုဆို ထားပါသည်။ ထိုအမိန့်အာဏာသည် ပြစ်မှုကျူးလွန်သူများနှင့်...