ကောရိ န္တု သြဝါဒစာဒုတိယစောင် ၉
(င) ကောရိန္သုသားများအတွက် ပေါလုဝါကြွားချက် (၉:၁–၅) ၉:၁ ယုံကြည်သူများက အခြားယုံကြည်သူများကို ပေးကမ်းလှူဒါန်းခြင်းသည် စာဖွဲ့လောက်စရာ မဟုတ်ပါ။ အချို့သူများအတွက် ကလိထိုးရယ်စရာဖြစ်ကောင်းဖြစ်နိုင်သည်။ စိတ်ရင်းစေတနာ ထက်သန်စွာ လှူဒါန်းကြခြင်းမှန်ပါသည်။ ထိုသို့ ပေးလှူခြင်းအတွက် အသိအမှတ်ပြုပါသည်။ လုပ်သင့်လုပ်ထိုက်၍ လုပ်ကြခြင်းဖြစ်သည်။ ချဲ့ကားပြောစရာမရှိ။ ၉:၂ ကောရိန္သုသားများ၏ စေတနာသဒ္ဒါတရားသည် မေးစရာမရှိပါ။ထိုသို့ စိတ်ရင်းစေတနာကောင်း သည့်အကြောင်းကို လွန်ခဲ့သည့်နှစ်က...