ဂလာတိသြဝါဒစာ ၁
၁။ ပုဂ္ဂိုလ်ရေး–မိမိအခွင့်အရေးကို ခုခံကာကွယ်ခြင်း (အခန်း၁–၂) (က) စာရေးရခြင်းရည်ရွယ်ချက် (၁:၁–၁ဝ) ၁:၁ ပေါလုက သူသည် လူ့အဖွဲ့အစည်းများက ရွေးချယ်ခန့်အပ်သူမဟုတ်။ အစဉ်အလာအရ အမွေဆက်ခံ၍ လည်းမဟုတ်။ ယေရှုခရစ်တော်ကိုယ်တိုင်နှင့် ဘုရားသခင်ကိုယ်တော်တိုင် ရွေးကောက်ခန့်အပ်ထားသည့် တမန်တော် ဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံသည်။ ဘုရားသခင် ရွေးကောက်ခန့်အပ်သူဖြစ်သည်နှင့်အညီ အမှုတော်ထမ်းဆောင်ရာတွင် လူ့မျက်နှာကို ထောက်စရာမလို၊ ကြောက်စရာမရှိ။ သို့ကြောင့် သူ၏အမှုတော်လုပ်ငန်းသည်လည်း...