ဂလာတိသြဝါဒစာ ၄
(ဃ) ကလေးသူငယ်များနှင့်သားများ (၄:၁–၁၆) ၄:၁–၂ ဤနေရာတွင် ကြွယ်ဝချမ်းသာသောဖခင်က သားသမီးများကို အမွေပေးခြင်းပုံဥပမာ ရှင်းပြထားသည်။ ထိုသားသည် အရွယ်မရောက်သေးသရွေ့ကာလ ပတ်လုံး အမွေခံယူပိုင်ခွင့်မရှိ။ ကျွန်သဖွယ်နေရသည်။ အရွယ်မရောက်သောအခါမှသာလျှင် တရားဝင်အမွေခံယူပိုင်ခွင့် ရှိသည်။ လတ်တလော၌ စိတ်ကြိုက်စီရင်ပိုင်ခွင့် မရှိ။ အမွေထိန်း၏အုပ်ချုပ် မှုအောက်၌ နေရသည်။ သို့သော် အမွေလက်ခံဆုံးရှုံးခြင်းမရှိ။ ၄:၃ ထိုအစဉ်အလာသည် ယုဒလူမျိုးများ၏ ထုံးတမ်းအစဉ်အလာဖြစ်သည်။ အရွယ်မရောက်သော...